စပျစ်သီးခြောက်ရဲ့အာဟာရဓာတ်ပါဝင်မှုနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

13-10-2021yyl04.jpg

ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အသီးခြောက်တွေအကြောင်းပြောမယ်ဆိုရင် ဇယားရဲ့ထိပ်ဆုံးမှာ အမြဲတမ်းရှိနေတဲ့ စပျစ်သီးခြောက်ကို ချန်ထားခဲ့လို့မရပါဘူး။ အခြောက်ခံထားတဲ့ စပျစ်သီးခြောက်က ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် အရသာလည်းရှိပါတယ်။ စပျစ်သီးက အာဟာရဓာတ်ကြွယ်ဝယ်ဆိုတာကို ကျွန်တော်တို့တွေသိပြီးသားပါ။ စပျစ်သီးကို အခြောက်ခံလိုက်မယ်ဆိုရင် အာဟာရဓာတ်ပိုများပြီး ကယ်လိုရီသိပ်သည်းစေပါတယ်။ စပျစ်သီးခြောက်က အရှေ့အလယ်ပိုင်းဒေသကနေ ဖြစ်လာတာဖြစ်ပြီး ဉပရောပနိုင်ငံတွေမှာ တဖြည်းဖြည်းလူသိများလာခဲ့တာပါ။ အဲဒီအချိန်တုန်းက စပျစ်သီးခြောက်ကို အစာအဆိပ်သင့်တာကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ အခုတော့ ကမ္ဘာ့တစ်ဝှမ်းမှာ စားသုံးကြတဲ့သစ်သီးခြောက်ဖြစ်ပြီး Smoothie၊ ဖျော်ရည်၊ ဒိန်ချဉ်၊ အုတ်ဂျုံတွေမှာ ထည့်ပြီးစားသုံးလာကြပါတယ်။

စပျစ်သီးရဲ့အာဟာရပါဝင်မှု

ဈေးကွက်မှာတော့ စပျစ်သီးခြောက်အမျိုးမျိုးရှိပါတယ်။ အမျိုးအစားကတော့ အသုံးပြုတဲ့ စပျစ်သီးအမျိုးအစားအပေါ်မူတည်ပါတယ်။ စပျစ်သီးခြောက်မှာ ကယ်လိုရီပါဝင်မှုမြင့်မားတဲ့အတွက် ချင့်ချိန်ပြီးတော့ စားသုံးသင့်ပါတယ်။

စပျစ်သီးခြောက် (၄၀ ဂရမ်) မှာ

ကယ်လိုရီ: ၁၀၈
ပရိုတင်း: ၁ ဂရမ်
ကာဗွန်ဟိုက်ဒရိတ်: ၂၉ ဂရမ်
အမျှင်ဓာတ်: ၁ ဂရမ်
သကြား: ၂၁ ဂရမ်

စပျစ်သီးခြောက်မှာ သံဓာတ်၊ ပိုတက်စီယမ်၊ ကော်ပါး၊ ဗီတာမင် B6၊ မဂ္ဂနီစီယမ်နဲ့ဘိုရွန်လို အခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ အဆီပါဝင်မှုကတော့ ဇီးရိုးရာခိုင်နှုန်းပါပဲ။

စပျစ်သီးခြောက်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အစာခြေစနစ်အားကောင်းစေတယ်

အမျှင်ဓာတ်ပြည့်ဝတဲ့ စပျစ်သီးခြောက်က သင့်ရဲ့အစာခြေစနစ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဝမ်းမှန်မှန်သွားစေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ စပျစ်သီးခြောက်ကို ပုံမှန်စားသုံးပေးတာက အစာချေဖျက်ခြင်းဖြစ်စဉ်ကို ကောင်းမွန်စေပြီး အူလမ်းကြောင်းက ကောင်းတဲ့ဘတ်တီးရီးယားအရေအတွက်ကိုလည်း တိုးစေပါတယ်။ စပျစ်သီးခြောက်မှာ ရောင်ရမ်းမှုကို ဆန့်ကျင့်တဲ့ဂုဏ်သတ္တိပါဝင်တဲ့အတွက် အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

သွေးအားနည်းခြင်းကိုကာကွယ်ပေးတယ်

စပျစ်သီးခြောက်မှာ သံဓာတ်ကြွယ်ဝတဲ့အတွက် သွေးအားနည်းရောဂါကာကွယ်တဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။ သံဓာတ်နဲ့အတူ သွေးနီဉကို ဖြစ်စေတဲ့၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်စီဂျင်သယ်ဆောင်ပေးတဲ့ ကော်ပါးနဲ့ အခြားဗီတာမင်ဓာတ်တွေလည်း ပါဝင်ပါတယ်။

နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့နည်းပေးတယ်

စပျစ်သီးခြောက်စားသုံးတာက သွေးဖိအားနဲ့ သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်တစ်ခုက ဆိုထားပါတယ်။ စပျစ်သီးခြောက်မှာ ပိုတက်စီယမ်ဓာတ်လည်းကြွယ်ဝစွာပါ၀င်တဲ့အတွက် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးတယ်

စပျစ်သီးခြောက်က စားသုံးပေးတာက ကင်ဆာဆဲလ်ကြီးထွားမှုကို တားမြစ်ပေးမယ့် အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ ဆန့်ကျင်ဓာတ်တိုးဂုဏ်သတ္တိပါဝင်တဲ့အတွက် Oxidative ပျက်စီးခြင်းကနေ သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

မျက်စိနဲ့ အရေပြားကျန်းမာရေးကိုကာကွယ်ပေးတယ်

စပျစ်သီးခြောက်မှာ မျက်စိနဲ့ အရေပြားက ဆဲလ်တွေကို ကာကွယ်ပေးနိုင်တဲ့ ဆန့်ကျင်ဓာတ်တိုးနဲ့ ပိုလီဖီနော်ဓာတ် (polyphenols) တွေပါဝင်ပါတယ်။ မျက်စိအတွင်းတိမ်ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ အရေပြားကျန်းမာရေးအရ စပျစ်သီးခြောက်က အချိန်အကြာကြီး အသားရေကို ငယ်ရွယ်နုပျိုစေပြီး အရေးအကြောင်းတွေကို လျော့နည်းသွားစေနိုင်ပါတယ်။

စပျစ်သီးခြောက်အလွန်စားခြင်းရဲ့အန္တရာယ်

စပျစ်သီးခြောက်က ကျန်းမာရေးနှင့်ညီညွတ်ပေးမယ့် သင့်တင့်မျှတစွာ စားသုံးသင့်ပါတယ်။ စပျစ်သီးခြောက်ကို တစ်ခါတည်းနဲ့ ပမာဏအများကြီးစားသုံးတာက ကိုယ်အလေးချိန်တက်တာ၊ လေအောင့်၊ ဗိုက်အောင့်တာလို အစာအိမ်မအီမသာဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

Ref: Raisins: Nutrition, health benefits and how to include them in diet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top