Category: International

အသက် ၉၅ နှစ်ပြည့်တဲ့အချိန်မှာ ချားလ်မင်းသားကိုနန်းလွှဲပေးဖို့ ပြင်ဆင်နေတဲ့ အဲလိဇဘက် ဘုရင်မကြီး

၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထီးနန်းစတင်စိုးစံခဲ့ပြီး လက်ရှိအချိန်မှာ သက်တော် ၉၁ နှစ်ရှိနေပြီဖြစ်တဲ့ အဲလိဇဘက် ၂ ဘုရင်မကြီးဟာ ကမ္ဘာနန်းသက်အကြာဆုံး ဘုရင်မကြီးတစ်ပါးဖြစ်ပြီး သူမအသက် ၉၅ နှစ်ပြည့်တဲ့အချိန်မှာ ချားလ်မင်းသားကို ထီးနန်းလွှဲအပ်ဖို့ပြင်ဆင်နေပါတယ်။

Category: International

အာတိတ်စက်ဝိုင်းမှာ တည်ဆောက်မယ့် ကမ္ဘာ့အကြီးဆုံးဒေတာစင်တာ

အာတိတ်စက်ဝိုင်းမှာ ကမ္ဘာ့အကြီးဆုံး ဒေတာစင်တာ တည်ဆောက်ရေးစီမံကိန်းကိုလူသိရှင်ကြား ထုတ်ဖော်လိုက်ပါပြီ။

Category: International

နာဆာရဲ့စူးစမ်းလေ့လာရေးယာဉ် ကက်စီနီ(Cassini) စနေဂြိုဟ်လေထုအတွင်းဝင်ရောက်

နာဆာရဲ့စူးစမ်းလေ့လာရေးယာဉ် ကက်စီနီဟာ သူ့ရဲ့စနေဂြိုဟ်ဆီသို့ ၁၃ နှစ်ကြာ လေ့လာစူးစမ်းမှုခရီးစဉ်ကို အဆုံးသတ်နိုင်တော့မှာ ဖြစ်ပြီး ယခုအခါမှာတော့ ကက်စီနီဟာ စနေဂြိုဟ်ရဲ့လေထုအတွင်းဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီယာဉ်ဟာ တနင်္ဂနွေညနေပိုင်းတုန်းက ပထမပတ်လမ်းကြောင်းထဲ ဆင်းသက်သွားခဲ့တာဖြစ်ပါတယ်။

Category: International

ပေါင်၂သိန်းတန်Ferrari ပြိုင်ကားကိုLouis Vuitton အိတ်စနဲ့ပတ်ခဲ့တဲ့ ဒူဘိုင်းဘီလျံနာသူဌေးသား

YouTube နဲ့Instagram မှာ သူဌေးသားပေါက်စလေးလို့လူသိများတဲ့ ဆိုင်ဘဲဟာဆာ (Saif Belhasa) ဟာပိုက်ဆံပေါများပြီးသုံးဖြုန်းနိုင်တဲ့သူရဲ့ဘဝအနေအထားကို အွန်လိုင်းပေါ်တင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

Category: International

အင်တာဗျူးမှာဝတ်ဆင်ရန် အဝတ်အစားများ ခိုးနေသည့်လူငယ်ကိုဖမ်းမိခဲ့ပြီး အဝတ်အစားဝယ်ပေးခဲ့တဲ့ရဲသား

ကနေဒါနိုင်ငံ တိုရွန်တိုမြို့(Toronto) ရှိ ဝေါမတ်စတိုးတစ်ခုမှာ အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ဈေးဝယ်ရန်ဟန်ဆောင်ရင်း အလုပ်အင်တာဗျူးမှာ ဝတ်ဆင်ရန်လိုအပ်တဲ့ ရှပ်အင်္ကျီ၊ နက်ကတိုင်နဲ့ ခြေအိတ်တစ်စုံကို ခိုးယူဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

Category: International

မသန်စွမ်းအားကစားမယ်​ကာရန်ဒါ့ခ် (Karen Darke)စက်ဘီးစီးပြီး ကမ္ဘာပတ်

ကာရန်ဒါ့ခ်ဟာ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က မတော်တဆမှုတစ်ခုကြောင့် ခါးအောက်ပိုင်းသေသွားသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ စိတ်ပျက်အားလျော့ခြင်းမရှိပဲ မသန်စွမ်းအားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးရရှိခဲ့ပါတယ်။ သူမရဲ့ ကျွမ်းကျင်မှုတွေကြောင့် သူမကို တစ်သက်တာထူးချွန်တဲ့ အားကစားသမားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါ့ခ်ဟာ သူမရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို အဆုံးစွန်ထိ ဖြန့်ကျက်ခဲ့ပါတယ်။ မသန်စွမ်းသူများအတွက် ခြေထောက်အစား လက်ကိုအသုံးပြုပြီး စီးလို့ရတဲ့စက်ဘီးနဲ့ ဟိမဝန္တာ(Himalayas) တောင်တန်းတွေကနေ ဂရင်းလန်းကျွန်း (Greenland) အထိ စီးနင်းခဲ့ပါတယ်။

Category: International

ဖိလစ်ပိုင်နိုင်ငံရဲ့အသက်အကြီးဆုံး တက်တူးထိုးသမားအဖွားအို

တောင်လှေကားပုံစံ စိုက်ပျိုးထားတဲ့ စိမ်းလန်းသန်စွမ်းတဲ့စပါးခင်းတွေနဲ့ လျှောစောက် အဝေ့အဝိုက်ပုံစံ မြေမျက်နှာသွင်ပြင်တွေပတ်လည်ဝန်းရံထားတဲ့ တောင်ပေါ်ရွာလေးတစ်ရွာဖြစ်တဲ့ ဘတ်စကာလန် (Buscalan) ရွာကလေးမှာ အိမ်ခြေပေါင်း ၂၀၀ ခန့်မှီတင်းနေထိုင်ကြပါတယ်။

Category: International

အမေရိကန်ပိုင်နက်ဂွမ်ကျွန်းကို နောက်တစ်ပတ်အတွင်းဒုံးကျည် ၄လုံးဖြင့်တိုက်ခိုက်နိုင်တယ်လို့ ဆိုလိုက်တဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယား အာဏာရှင်ဖြစ်သူကင်ဂျုံအန်ဟာ အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဂွမ်ကျွန်း (Guam) ကိုနောက်တစ်ပတ်အတွင်း တာလတ်အမျိုးအစား ဟွာဆောင် ၁၂ (Hwasong-12)ဒုံးကျည် ၄ လုံးဖြင့် တိုက်ခိုက်ဖို့ စဉ်းစားနေကြောင်းပြောဆိုခဲ့ပါတယ်။ ဂွမ်ကျွန်းမှာ အမေရိကန်စစ်သားများစခန်းချနေကြပြီး အခုလိုမြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ကျွန်းပေါ်တွင်နေထိုင်သူများက စိုးရိမ်နေကြပါတယ်။

Category: International

ကျည်ပွေ့အတတ်ပေါက်နိုင်ကြောင်း သက်သေပြပြီးအသက် ၉၁ နှစ်မှာ ဘွဲ့ယူခဲ့သည့်အဖွားအို

ထိုင်းနိုင်ငံမှ အသက် ၉၁ နှစ်အရွယ်အဖွားအိုတစ်ယောက်ဟာ “ပညာသင်ဖို့အတွက် ဘယ်တော့မှ နောက်မကျဘူး” လို့ခံယူချက်ရှိသူတစ်ယောက်ဖြစ်ပြီး သူမရဲ့တက္ကသိုလ်ဘွဲ့ကို ပညာသင်နှစ် ၁၀ နှစ်ကျော်အကြာမှာ ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Category: International

လူ့မစင်နဲ့လုပ်တဲ့ လောင်စာ

ကင်ညာနိုင်ငံက ကုမ္ပဏီတစ်ခုဟာ လူ့မစင်ကို အသုံးပြုပြီး လောင်စာတုံးတွေ ဖန်တီးနေပါတယ်။
နာကူရူ ရေနဲ့သန့်စင်ရေးဝန်ဆောင်မှုကုမ္ပဏီက ဝန်ထမ်းတွေဟာ လူ့မစင်တွေကို အခြောက်ခံပြီး မီးဖုတ်ပါတယ်။ မီးဖုတ်ပြီးတဲ့အခါ လွှစာမှုန့်နဲ့ရောပြီး အပူချိန် ၃၀၀ ဒီဂရီဆဲလ်စီးယက်စ်မှာ ကျောက်မီးသွေးထွက်တဲ့အထိ မီးတိုက်ပါတယ်။

Category: International

အိန္ဒိယနိုင်ငံမှာ ဆံပင်သူခိုးများကြောင့် လူအများစု ထိတ်လန့်ကြောက်ရွံ့နေကြ

အိန္ဒိယနိုင်ငံမြောက်ဘက်ပိုင်းရှိ ဟာယန ပြည်နယ်(Haryana) နှင့် ရာဂျစ်စတန်ပြည်နယ်တွင် အမျိုးသမီးများ အငိုက်မိတဲ့အချိန်အတောအတွင်း သူတို့ရဲ့ ဆံပင်ဟာ ဖြတ်သွားခြင်းခံခဲ့ရတယ်လို့ အမျိုးသမီး ၅၀ ခန့်က အိန္ဒိယရဲတပ်ဖွဲ့ကို လာရောက်တိုင်ကြားခဲ့ပါတယ်။

Category: International

မသန်စွမ်းတဲ့သမီး ကစားဖို့ ဒေါ်လာ ၅၁ သန်းအကုန်အကျခံပြီးကစားကွင်းတည်ဆောက်ပေးခဲ့တဲ့ ဖခင်

မသန်စွမ်းတဲ့ သမီးဖြစ်သူ ကစားနိုင်ဖို့အတွက် ဖခင်က အမေရိကန်ဒေါ်လာ ၅၁ သန်း အကုန်အကျခံပြီး ကစားကွင်းတစ်ခု တည်ဆောက်ပေးခဲ့ပါတယ်။

Category: International

ရှားပါးအနီရောင်စိန်တုံးကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ရောင်းချဖွယ်ရှိ

အာဂိုင်းလ် အဲဗားဂလိုး (Argyle Everglow) ဟာ ၂.၁၁ကာရက် (Carat) ရှိတဲ့ သွေးပြီးသား အနီရောင်စိန်တုံးတစ်တုံးဖြစ်ပြီး အဲ့ဒီအမျိုးအစားတွေထဲမှာ အကြီးဆုံးစိန်တုံးတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဗြိတိန်လေလံတွေပွဲမှာ အာရှထွက်ကျောက်မျက်ရတနာတွေကို လေလံပစ်နေကြဖြစ်တဲ့ ဂရေမီသွန်ဆင် (Graeme Thompson) ကလွန်ခဲ့တဲ့ ငါးနှစ်လောက်ကပဲ အနီရောင်စိန်တစ်လုံးကို သူလေလံပစ်ဖူးပါတယ်လို့ပြောပါတယ်။ အနီရောင်စိန်တွေဟာ အရှားပါးဆုံးတွေထဲမှာ ပါဝင်ပြီး ဆောင်ထားသူကို ကံကောင်းစေတတ်တယ်လို့ သူကဆိုပါတယ်။

Category: International

စေတန်ရဲ့ဂြိုလ်အရံလ တိုင်တန်ပေါ်တွင် သက်ရှိဖြစ်ထွန်းနိုင်ဖွယ်တွေ့ရှိ

သိပ္ပံစိတ်ကူးယဉ်ဇတ်ကားတွေလို ဂြိုလ်သားတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့် သုတေသနပညာရှင်တွေက စေတန်ရဲ့အကြီးဆုံးလဖြစ်တဲ့ တိုင်တန်ပေါ်မှာ သက်ရှိဖြစ်ထွန်းနိုင်တဲ့ အခြေအနေတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။