ကဗျာစာအုပ်ထုတ်ဝေဖို့ကို ရပ်ဆိုင်းလိုက်တဲ့ ပိုပို

unnamed.png

တေးသံရှင် ပိုပိုရဲ့ ကဗျာစာအုပ် ထုတ်ဝေဖို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တော့မယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။

ဒီစာအုပ်မှာ ထည့်သွင်းဖော်ပြဖို့အတွက် ကဗျာဆရာတွေဆီက စာမူတွေ တောင်းခဲ့တာဖြစ်ပြီး အနုပညာကြေးအဖြစ် ကဗျာတစ်ပုဒ်ကို တစ်သောင်းကျပ်ပေးခဲ့တယ်လို့ သိရပါတယ်။

တေးသံရှင် ပိုပိုဟာ ယမန်နေ့က လူမူကွန်ရက်ပေါ်မှာ Live လွှင့်နေစဉ်အတွင်း သူမကိုယ်တိုင် ထုတ်ဝေမယ့် ကိုယ်တိုင်လုပ်နိုင်ငံတော် အမည်ရှိတဲ့ ဒီကဗျာစာအုပ်မှာ အခြားရုပ်ရှင်အနုပညာရှင်အချို့ရဲ့ ကဗျာများလည်း ပါဝင်တယ်လို့ ဆိုတဲ့အပြင် ကဗျာစာအုပ်အမှာစာကိုလည်း သရုပ်ဆောင်ဗေလုဝက ရေးသားပေးတယ်လို့ ဆိုထားပါတယ်။

ကဗျာစာအုပ်မှာ ပါဝင်ရေးသားထားကြတဲ့ ကဗျာဆရာအချို့က ဒီအချက်တွေကို လက်မခံနိုင်ကြတဲ့အတွက် လူမှုကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်လောင်လောင် ဝေဖန်ရေးသားမှုတွေ ရှိခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ကဗျာစာအုပ်ထုတ်ဝေဖို့ကို ရပ်ဆိုင်းလိုက်တယ်လို့ ပိုပိုက ရေးသားခဲ့တာဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top