မြန်မာပြည်သူများ အကျိုးကို အစဉ်ရှေးရှု အကျိုးပြုသွားမည့် မက်ခရိုမြန်မာ

5.jpg

ထိုင်းနိုင်ငံအခြေစိုက် ဆီယမ်မက်ခရို ကုမ္ပဏီလီမိတက်ရဲ့လက်အောက်ရှိ လူသုံးကုန်၊ စားသောက်ကုန်များကို လက်ကား ရောင်းချပေးနေတဲ့ မက်ခရိုမြန်မာ (အေရိုကော်မာရှယ်ကုမ္ပဏီလီမိတက်) က မြန်မာနိုင်ငံအတွင်း ပြည်သူများရဲ့ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ (YCDC) နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့မှာ ရှေ့တန်းကနေ ရောဂါကာကွယ်ရေး လုပ်ငန်းဆောင် ရွက်နေကြသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းများ (မျက်နှာဖုံး အကာများ၊ နှာခေါင်း စည်းများ) ၊ သောက်ရေသန့်ဘူးများနှင့် နေ့လယ်စာ ထမင်းဘူးများကို လှူဒါန်းခဲ့ပါတယ်။

မက်ခရိုမြန်မာက မြန်မာနိုင်ငံအတွင်း ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများရဲ့ကျန်းမာရေးကို ကာကွယ်ရန် နှင့်ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် အသုံးပြုရန် နှာခေါင်းစည်း ၆၀,ဝဝဝနှင့် မျက်နှာဖုံးအကာ ၂,၃၉၃ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဆီကိုရော နှာခေါင်းစည်း ၃၀,၀၀၀ နှင့် မျက်နှာဖုံးအကာ ၃,၀၀၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာေ ရးကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးကွက်ကော်မရှင်နှင့် တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံ များဌာနဆီကိုပါ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာများကို ARO သောက်ရေသန့်(၅၅၀ မီလီလီတာ) ဘူး ၆,၀၀၀ နှင့် နေ့လယ်စာထမင်းဘူး ၈၀၀ တွေကိုလည်း လှူဒါန်းခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မက်ခရိုမြန်မာက မြန်မာနိုင်ငံမှာ ပထမဆုံးဦးဆုံး လက်ကားအရောင်းဆိုင်ကြီးကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက် ပုဇွန်တောင်လမ်းမပေါ်မှာ ဧပြီလဆန်းပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး အရောင်းဧရိယာ (၇,၀၀၀) စတုရန်းမီတာ အကျယ်တွင် လူသုံးကုန်၊ စားသောက်ကုန်များနှင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် သားငါးများစတဲ့ အမျိုးအစားပေါင်း ၁၀,၀၀၀ ကျော်ကို ရောင်းချပေးနေပါတယ်။ အဲဒီမက်ခရိုစက်ဆန်း လက်ကားအရောင်းဆိုင်ကို မနက် ၇ နာရီမှ ည ၉ နာရီအထိ နေ့စဉ်ဖွင့်လှစ်နေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး လည်ပတ်နေပါတယ်။ ဒါ့အပြင် ဈေးဝယ်သူများ အဆင်ပြေလွယ်ကူစေရန်အတွက် မက်ခရိုမြန်မာမှ e-commerce website ဖြစ်တဲ့ www.makroclick.com.mm ကိုလည်း မိတ်ဆက်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top