လီနင်ဂရက်မြို့ ပိတ်ဆို့ခံထားရတုန်းက ဇာတ်တူသားစားတဲ့ မှတ်တမ်းတွေ တွေ့ရှိ

RIAN_archive_324_In_besieged_Leningrad.jpg

လီနင်ဂရက်မြို့ (ယခု ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့)ကို နာဇီတွေ ဝိုင်းရံပိတ်ဆို့ထားလို့ အငတ်ဘေး စိုက်နေချိန်မှာ ဒေသခံတွေ ဇာတ်တူသား စားခဲ့တဲ့ နေ့စဉ်မှတ်တမ်းတွေကို သမိုင်းပညာရှင် တစ်ယောက်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ရဲ့ အရှေ့ဘက်စစ်မျက်နှာ ဖြစ်တဲ့ လီနင်ဂရက်မြို့ကို နာဇီတွေက (German army group north) ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၈ရက်နေ့ကစပြီး ၁၉၄၄ ခုနှစ် ဇန်နဝါရီ  ၂၇ ရက်နေ့အထိ ၈၇၂ ရက်တိုင်တိုင် ပိတ်ဆို့ခဲ့ပါတယ်။ ပိတ်ဆို့ခံနေရစဉ်အတွင်း အငတ်ဘေးစိုက်ခဲ့လို့ လူ ၈သိန်းကျော် သေဆုံးခဲ့ပါတယ်။

ဘော်စတွန်တက္ကသိုလ်က ပါမောက္ခပါရီ (Alexis Peri) ဟာ ရုရှားမော်ကွန်းတိုက်တွေထဲမှာ သုတေသနလုပ်နေရင်းနဲ့ အရင်က မတွေ့ခဲ့ဖူးတဲ့မှတ်တမ်းတွေ တွေ့ခဲ့တာဖြစ်ပါတယ်။ သူဟာ အဲဒီအကြောင်းကို The War Within: Diaries From the Siege of Leningrad ဆိုတဲ့ စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။

မိန်းကလေးတစ်ယောက် ရေးထားတဲ့ မှတ်တမ်းထဲမှာတော့ သူ့အဖေဟာ အငတ်ဘေးစိုက်နေတဲ့အတွက် မွေးထားတဲ့ခွေးကို သတ်စားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လီနင်ဂရက်မြို့မှာ ဇာတ်တူသားစားတယ်လို့ သံသယရှိလို့ ဖမ်းဆီးခံခဲ့ရသူ ၁၅၀၀ ရှိတယ်လို့ ဆိုပါတယ်။

ရုရှားဘာသာနဲ့ ရေးသားချက်တွေမှာတော့ လူသေအလောင်းက အသားတွေလှီးစားတာနဲ့ လူအရှင်ကို သတ်စားတယ်ဆိုပြီး နှစ်မျိုး ကွဲလွဲနေတယ်လို့ သမိုင်းပညာရှင် ဂိုင်းဝေါ်တာ (Guy Walters) က ပြောပါတယ်။

Ref: Indepentent; Historian uncovers diaries from Nazi siege of Leningrad documenting cannibalism during famine

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top