ထားဝယ်ရှင်ကိုးရှင်မှ ပေါ်တော်မူ ရှင်တောက်ထိန်ဘုရား

shin-touk-htein-02.jpg

ရှင်တောက်ထိန်ဘုရားသည် တနသာၤရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရပ်တွင် တည်ရှိသည်။

ထားဝယ်ကနေ မောင်းမကန် သွားရာလမ်း ကမြောကင်းတံတားအလွန် ရွာဝင်လမ်းသွယ် တစ်ဖာလုံကျော်လောက်တွင် ရှင်တောက်ထိန်ဘုရားကို ဖူးမြော်နိုင်ပါတယ်။ ရှင်တောက်ထိန် ဘွဲ့တော်၏ အဓိပ္ပါယ်မှာ ကုန်းမြင့်တောင်ငယ်ပေါ်မှဘုရား ဟုသိရှိရသည်။

ရှင်တောက်ထိန်စေတီ

ကောဇာသက္ကရာဇ် ၁၀၃ခုတွင် တောင်သူကြီး ဦးဖိုးတုတ်၊ ဇနီးဒေါ်စောသီးတို့သည် ယခု ရှင်တောက်ထိန်ဘုရား တည်ထားသောနေရာ၌ တောင်ယာလုပ်ကိုင်ရန် အလို့ငှာ မြေယာတူးဆွကြလေသည်။ ထိုသို့တူးဆွရင်း မာကြောသောအရာတစ်ခုကို ပေါက်မိသဖြင့် သတိထား တူးဆွကြည့်ရာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ ဦးခေါင်းတော်ပိုင်း ပေါ်ထွက်လာပါတော့တယ်။ ဦးဖိုးတုတ်တို့ ဇနီးမောင်နှံလည်း ကမြောကင်း ရွာသူ၊ ရွာသားများအား အကူအညီတောင်းပြီး ရုပ်ပွားတော်တစ်ဆူလုံး ပေါ်လာသည်အထိ ဆက်လက်တူးဖော်ကြခဲ့သည်။ မြေပေါက်ရာမှ တွေ့ရှိသဖြင့် မြေပေါက်ဘုရား (သို့) ပေါ်တော်မူဘုရား (သို့) ဓာတ်ဘုရားဟု ခေါ်ဆိုကြသည်။

ရုပ်ပွားတော်သည် စတင်တွေ့ရှိသော ပမာဏအတိုင်းအတာထက် တဖြည်းဖြည်း ကြီးထွားလာခြင်း၊ အဓိဋ္ဌာန်ဝင်သူတချို့၏ ပြောပြချက်အရ မျက်တောင်ခတ်ခြင်း၊ ပြုံးတော်မူခြင်း စသည်တို့ ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ ရုပ်ပွားတော်၏ ဥာဏ်တော်မှာ တရွေ့ရွေ့ ကြီးမြင့်လာရာ ယခုအခါ ၅ပေ ၆လက်မ ခန့် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ရုပ်ရှင်တော်ဘုရားဟု နာမည် ကြီးခဲ့ပြီး ဆုတောင်းပြည့် ထားဝယ်ရှင်ကိုးရှင်တွင် တစ်ဆူအပါအဝင် ဖြစ်လာခဲ့သည်။

ရှင်တောက်ထိန်စေတီအောင်မြေ

ရှင်တောက်ထိန်စေတီရှိ ဂြိုဟ်တိုင်

ရှင်တောက်ထိန်ဘိုးဘိုးနတ်ကွန်း

Ref: ထားဝယ်ရာဇဝင်သမိုင်း
Photo by: Chan Myae Ei (Stacy Chan)
Stacy Chan (ရိုးရာလေး)
www.yoyarlay.com
‪#‎stacy_yyl‬
‪#‎religious_yyl‬, #tourism_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top