သားဖြစ်သူပါ ဘရုစလီအဖြစ် ပါဝင်မယ့် ဘရုစလီရဲ့အတ္တုပ္ပတ္တိရုပ်ရှင်ကားကို ရိုက်ကူးမယ့် အော်စကာဆုရှင် ဒါရိုက်တာအန်းလီ

2-12-2022-yyl-01.jpg

Life of Pie ဇာတ်ကားနဲ့ အော်စကာဆုရရှိထားတဲ့ ဒါရိုက်တာ အန်းလီဟာ ကိုယ်ခံပညာအကျော်အမော် ဘရုစလီရဲ့အတ္တုပ္ပတ္တိရုပ်ရှင်ကားကို ရိုက်ကူးမှာဖြစ်ပါတယ်။ သူ့သား မာဆန်လီကိုပါ ဘရုစလီအဖြစ် ပါဝင်သရုပ်ဆောင်စေမှာပါ။ ဒီရုပ်ရှင်ကားကို Sony 3000 Pictures က ထုတ်လုပ်မှာဖြစ်ပြီး ထုတ်လုပ်သူတွေထဲမှာ ဘရုစလီရဲ့သမီး ရှန်နွန် လီလည်း ပါဝင်ပါတယ်။

“ဘရုစလီက ကမ္ဘာကြီးကို တရုတ်ကွန်ဖူးကို မိတ်ဆက်ပေးခဲ့တဲ့ အရှေ့နဲ့အနောက်ကြားက ပေါင်းကူးတံတားတစ်စင်းဖြစ်ခဲ့ပြီး ကိုယ်ခံပညာနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ အထင်ကရ တိုက်ခိုက်ရေးသမားလည်းဖြစ်ခဲ့တယ်။ ကြိုးစားအားထုတ်ပြီး မဖြစ်နိုင်တဲ့အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖောက်ခဲ့တဲ့၊ ထက်မြက်ပြီးထူးခြားတဲ့ ဒီလူသားရဲ့ဇာတ်လမ်းကို ပြောပြချင်ခဲ့တယ်”လို့ အန်းလီက ပြောပါတယ်။

ဘရုစလီအဖြစ် သရုပ်ဆောင်မယ့် အသက် ၃၂ နှစ်အရွယ် မာဆန်လီဟာ မကြာသေးခင်ကမှ ဟောင်ကောင်သည်းထိတ်ရင်ဖိုဇာတ်ကား Limbo နဲ့ the Golden Horse Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ သူ့ရဲ့ Billy Lynn’s Long Halftime Walk၊ Who Killed Cock Robin နဲ့ The Hangover Part II ဇာတ်ကားတွေကလည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။ သူ့အဖေ ဒါရိုက်တာ အန်းလီ နောက်ဆုံးရိုက်ခဲ့တဲ့ဇာတ်ကားက ဝီလ်စမစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Gemini Man ဇာတ်ကားပါ။

ဘရုစလီရဲ့အတ္တုပ္ပတ္တိရုပ်ရှင်ကားအသစ်ကို ဘယ်အချိန်မှာ စတင်ထုတ်လုပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: 8daysSingapore “Ang Lee To Direct Son Mason Lee As Bruce Lee In Martial Arts Legend’s Biopic”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top