ဝုဗ်ကို အနိုင်ရတဲ့ပွဲမှာ လီဗာပူးတိုက်စစ်မှူး မာနေး ဒဏ်ရာရ

yyl-012-1.png

ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မာနေး ဒဏ်ရာရခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေး ကြိုးပမ်းနေတဲ့ လီဗာပူးအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ မာနေးဟာ ပွဲချိန်မိနစ်(၃၀)အကြာမှာ တံကောက်ကြောဒဏ်ရာရသွားဖွယ်ရှိပြီး ခြေထောက်ကို အားယူထောက်နေရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ကွင်းဘေးစည်းမှာ ဆေးကုသမှုခံယူခဲ့ပေမဲ့ ဆက်မကစားနိုင်တော့ဘူးလို့ မာနေးက အချက်ပြခဲ့လို့ သူ့နေရာမှာ မီနာမီနိုကို လူစားဝင် ကစားခိုင်းခဲ့ရပါတယ်။ မာနေးဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်ပါ။ ပွဲ(၃၀)ကစားချိန်မှာ(၁၅)ဂိုး သွင်းယူထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးအသင်းမှာ အဓိကနေရာက ပါဝင်ခဲ့ပြီး ဆီနီဂေါအသင်းကိုလည်း အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

ပြီးခဲ့တဲ့ရာသီမှာရော၊ ဒီရာသီမှာပါ မာနေး၊ ဆာလာ၊ ဖာမီနို သုံးယောက်တွဲတိုက်စစ် ခြေစွမ်းပြနေလို့ မာနေး ဒဏ်ရာရသွားတာက တိုက်စစ်အတွဲကို ဟန်ချက်ပျက်သွားစေနိုင်ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)ပွဲကစားပြီးချိန်(တစ်ပွဲလျော့)မှာ ဒုတိယနေရာက မန်စီးတီးကို (၁၆)မှတ်ဖြတ်ထားလို့ သက်သောင့်သက်သာပါပဲ။ ဒါပေမဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့အဖြစ် အက်သလက်တီကိုအသင်းနဲ့ ကစားရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top