ဟောလိဝုဒ်မင်းသား ဂျွန်နီ စထရောင်း (Johnny Strong) နဲ့ တွဲဖက်သရုပ်ဆောင်သွားမယ့် မေမြတ်နိုး

42217610_1174248762726868_7977130603826905088_n.jpg

ကယ်လီဖိုးနီးယားဒါရိုက်တာတစ်ဦး ရိုက်ကူးမယ့် Invincible ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်ပွဲမှာ မြန်မာနိုင်ငံက မော်ဒယ်လ် သရုပ်ဆောင် မေမြတ်နိုး ရွေးချယ်ခံခဲ့ရပါတယ်။ ဝင်ရောက်အရွေးခံတဲ့ ထိုင်းမင်းသမီးတွေအားလုံးကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံသူ မေမြတ်နိုးက ရွေးချယ်ခံခဲ့ရတာပါ။

ထိုင်းရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုက ရိုက်ကူးနေတဲ့ ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားကတော့ Fast and Furious ဇာတ်ကားမှာ လီယွန် (Leon) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသား ဂျွန်နီ စထရောင်း (Johnny Strong) ဖြစ်ပါတယ်။ Invincible ဇာတ်ကားဟာ အက်ရှင်- ဒရာမာ အမျိုးအစားဖြစ်ပြီး တခြား နာမည်ကြီး ထိုင်းသရုပ်ဆောင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ရိုက်ကူးရေးကတော့ စတင်နေပြီဖြစ်ပြီး မေမြတ်နိုးက စက်တင်ဘာ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံကို ထပ်မံသွားရောက်ပြီး ရိုက်ကူးရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင် မေမြတ်နိုးက ဖက်ရှင်မော်ဒယ်တစ်ယောက် ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ Miss Asia Pacific World 2014 ဆုရှင်ဖြစ်သလို Asia’s Next Top Model ရဲ့ ပြိုင်ပွဲဝင်ဟောင်း တစ်ဦးလည်း ဖြစ်သူပါ။ အနုပညာသက်တမ်း ငါးနှစ်ခန့် ရှိချိန်မှာ ပြည်ပထုတ်လုပ်သူ ဒါရိုက်တာတွေနဲ့ အခုလို ရိုက်ကူးဖို့ အခွင့်အလမ်း ရရှိခဲ့တာ ဖြစ်ပါတယ်။

Ref:May Myat Noe’s facebook

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top