ကြောင်နဲ့ ကြွက် ဇာတ်လမ်းကို အသွင်တစ်မျိုးနဲ့ ပြန်လည်အသက်သွင်းတော့မယ့် ဝါနာဘရားသားစ်

images.jpg

ဝါနာဘရားသားရုပ်ရှင်ကုမ္ပဏီ (Warner Bros) ဟာ အခုထိ ပရိသတ်ရင်ထဲစွဲထင်နေဆဲ ကြောင်နဲ့ ကြွက်ကာတွန်းဇာတ်ရုပ်တွေကို တစ်ဖန်ပြန်လည်အသက်သွင်းသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

ဒီအတွက် Fantastic Four ရုပ်ရှင်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တင်မ်စတိုရီ (Tim Story) ကို ကမ်းလှမ်းညှိနှိုင်းနေပြီလို့ သိရပါတယ်။ ကြောင်နဲ့ကြွက်ကို မူလအန်နီးမန်းနေရှင်းပုံစံသက်သက်ဖန်တီးမှာမဟုတ်တော့ဘဲ Live Action နဲ့ပါ ပေါင်းစပ်မှာဖြစ်ပြီး ၂၀၁၉ မှာ စတင်ရိုက်ကူးသွားမှာပါ။

တကယ်အစစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားမှာ ကြောင်နဲ့ကြွက် အန်နီးမေးရှင်းဇာတ်ရုပ်နှစ်ခုကို အဓိကဇာတ်ကောင်အနေနဲ့ ထည့်သွင်းပြီး Live-action နဲ့ အန်နီးမေးရှင်းပေါင်းစပ်ထားတဲ့ရုပ်ရှင်အဖြစ် အရသာအသစ်တစ်မျိုးဖြစ်အောင် ဆန်းသစ်ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

ကြောင်နဲ့ကြွက် ဇာတ်ရုပ်တွေရဲ့ လှုပ်ရှားမှုအတိုင်း နဂိုအရသာမပျက်စေရအောင် ယင်းဇာတ်ရုပ်တွေကို စကားပြောနောက်ခံအသံထည့်သွင်းမှာမဟုတ်ဘဲ ရုပ်လုံးကြွသက်သက်အဖြစ်နဲ့သာ ပြုံးရွှင်ရယ်မောစရာဖြစ်နေအောင် ဖန်တီးတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကြောင်နဲ့ကြွက် ကာတွန်းဇာတ်လမ်းအသစ်စက်စကေ်တွကို ဆာလောင်နေတဲ့ အကြိုက်တူပရိသတ်တွေအတွက် အခုထွက်လာမယ့် ပုံစံအသစ်ကို စောင့်မျှော်ရင်ခုန်နေနိုင်ဖို့ ကြိုတင်သတင်းကောင်းပါးလိုက်ရပါတယ်။

Ref: ign.com “TOM AND JERRY: LIVE-ACTION ANIMATION HYBRID MOVIE IN THE WORKS FROM FANTASTIC FOUR DIRECTOR”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top