နာမည်ကြီးအဆိုတော်ကေတီပယ်ရီနဲ့ မင်းသားအော်လန်ဒိုဘလွန်းတို့ဟာ ဆယ်စုနှစ်တစ်ခုနီးပါး လက်တွဲခဲ့ပြီးတဲ့နောက်မှာ လမ်းခွဲလိုက်ပြီလို့ တရားဝင်အတည်ပြုလိုက်ပါပြီ။ သူတို့နှစ်ဦးရဲ့ကိုယ်စားလှယ်တွေက လက်ရှိထွက်ပေါ်နေတဲ့ ခန့်မှန်းပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။ သူတို့စုံတွဲက သူတို့ရဲ့သမီးလေး ဒေစီကို ပူးတွဲအုပ်ထိန်းသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
“အော်လန်ဒိုဘလွန်းနဲ့ ကေတီပယ်ရီတို့ရဲ့ဆက်ဆံရေးကို စိတ်ဝင်စားပြီးပြောဆိုတာတွေများပြားတာကြောင့် သူတို့ဟာ ပြီးခဲ့တဲ့လတွေအတွင်း သူတို့ရဲ့ဆက်ဆံရေးကို ကလေးပူးတွဲအုပ်ထိန်းတာအပေါ်ကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ကိုယ်စားလှယ်တွေက အတည်ပြုလိုက်ပါတယ်။ သူတို့ရဲ့သမီးလေးက ဦးစားပေးဖြစ်တဲ့အတွက် ကလေးကို အုပ်ထိန်းတဲ့အချိန် သူတို့နှစ်ယောက်ကို အတူတူဆက်လက်မြင်တွေ့ရမှာဖြစ်ပြီး ကလေးကို ချစ်ခြင်းမေတ္တာ၊ တည်ငြိမ်အေးချမ်းမှု၊ အပြန်အလှန်လေးစားမှုတွေနဲ့ အမြဲ ပျိုးထောင်သွားမှာပါ”လို့ ဆိုထားပါတယ်။
သူတို့စုံတွဲ လမ်းခွဲလိုက်တဲ့အကြောင်း ကောလဟာလနဲ့ မီဒီယာသတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ အခုလို အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ကေတီနဲ့ အော်လန်ဒိုဟာ ၂၀၁၆ ခုနှစ်မှာ တွဲခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာ စေ့စပ်ခဲ့ကြတာပါ။ ၂၀၂၀ ခုနှစ်မှာ သမီးလေး ဒေစီကို မွေးဖွားခဲ့တာပါ။ သူတို့လမ်းခွဲလိုက်ရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမဲ့ နေထိုင်မှုပုံစံကွဲပြားတာနဲ့ ရေရှည်လက်တွဲဖို့ မဖြစ်နိုင်မှုတွေကြောင့် လမ်းခွဲခဲ့တာဖြစ်တယ်လို့ တချို့သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref: Katy Perry and Orlando Bloom confirm split, focus on co-parenting daughter Daisy
WL ( ရိုးရာလေး)