စိတ်ဓါတ်ကျခြင်း၊ အာရုံစူးစိုက်မရခြင်းနဲ့ အသံပြဿာနာတွေကို ဖြေရှင်းကြမယ်

7-7-2021-yyl-27.jpg

Covid-19 ရောဂါကို ခံစားနေရသူ (သို့မဟုတ်) ရောဂါသက်သာပျောက်ကင်းသွားသူတွေက စိတ်ဖိစီးမှု၊ စိုးရိမ်ခြင်း (ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း) သို့မဟုတ် စိတ်ဓါတ်ကျခြင်း (စိတ်အားငယ်ခြင်း၊ ဝမ်းနည်းခြင်း) စတာတွေ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ကိုဗစ်ရောဂါခံစားရပြီး ဆေးရုံတက်ရောက်နေချိန်မှာ အသက်ရှူပြွန်နဲ့ ကုသခံခဲ့ရသူတွေအနေနဲ့ အသံနဲ့ပတ်သက်ပြီး အခက်အခဲတွေ ကြုံတွေရနိုင်သလို ကိစ္စရပ်တွေကို ရှင်းလင်းစွာ မတွေးခေါ်နိုင်ခြင်း၊ အလွယ်တကူမမှတ်မိခြင်းနဲ့ အာရုံစူးစိုက်ရန်အတွက် အခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။

စိတ်ဖိစိးမှု၊ စိတ်ဓါတ်ကျခြင်းကို ကျော်လွှားမယ်

  • လုံလုံလောက်လောက် ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပြည့်ပြည့်ဝဝစားသောက်ပါ။
  • စိတ်ဖိစီးမှု လျော့ကျစေရန် သွက်သွက်လက်လက် လှုပ်ရှားပြုမူပါ။
  • မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ (လူမှုကွန်ယက်မီဒီယာကို အသုံးပြုပြီးဖြစ်စေ) အဆက်အသွယ်ပြုလုပ်ပြီးနေပါ။
  • မိမိကိုယ်ကို မပင်ပန်းစေတဲ့ အပန်းဖြေ၊ အနားယူမှုတွေကို ပြုလုပ်ပါ။
  • မိမိရဲ့နေ့စဉ် လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရာမှာလည်းကောင်း (သို့မဟုတ်) မိမိရဲ့ဝါသနာတွေကို လုပ်ဆောင်ရာမှာလည်းကောင်း ကိုယ်ရဲ့ အကောင်းဆုံး အားထုတ်မှုဖြစ်အောင် တဖြည်းဖြည်းခြင်း ကြိုးစားပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုလာပြီး စိတ်ခံစားမှုတွေကို ပိုကောင်းလာနိုင်မှာဖြစ်ပါတယ်။

အသံပြဿနာကို ဖြေရှင်းမယ်

  • စကားပြောတဲ့အခါမှာ သက်တောင့်သက်သာရှိနေပါက ဆက်လက်စကားပြောပါ။
  • အသံကိုညစ်ပြီး မပြောပါနဲ့။
  • အနားယူပါ။
  • အသံကို အသုံးပြုပြီး လေ့ကျင့်ရန် ဖြေးဖြေးနဲ့ မှန်မှန် ကြိုးစားပါ။
  • စာရေးခြင်း၊ မက်ဆေ့ချ်ပို့ခြင်းနဲ့ ကိုယ်လက်အမူအရာသုံးပြုခြင်းစတဲ့ တခြားသောဆက်သွယ်ပြောဆိုနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုပါ။
  • မိမိအသံကို ကောင်းကောင်းမွန်မွန် ဆက်လက် အသုံးပြုနိုင်ရန် ရေကိုနည်းနည်းနဲ့ ခဏခဏ တစ်နေကုန်သောက်ပေးပါ။

မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုရအောင် လုပ်ဆောင်မယ်

  • ဘေးအန္တရာယ်ကင်းစွာ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေက ဦးနှောက်ကို ပြန်လည်သန်စွမ်းစေရန် အထောက်အကူ ပေးနိုင်ပါတယ်။
  • ဦးနှောက်ပြန်လည်သန်စွမ်းရေးဆိုင်ရာ အလေ့အကျင့်တွေကို မွေးမြူပါ။ ဝါသနာအသစ်တွေ၊ ပဟေဋ္ဌိတွေ၊ စာလုံးဆက်ခြင်းတွေ၊ နံပါတ်ဂိမ်းတွေ၊ မှတ်ဉာဏ်လေ့ကျင့်ခြင်းတွေနဲ့ စာဖတ်ခြင်းတွေအတွက် အချိန်ပေးပါ။
  • ကိုယ့်ကိုယ်ကို သတိပေးပါ။ ဆောင်ရွက်စရာရှိတဲ့အရာတွေကို စာရင်းပြုစားထားခြင်း၊ ချမှတ်ထားခြင်း၊ ဖုန်းမှာ နှိုးစက်ထည့်ပြီး သတိရစေရန် အလေ့အကျင့်ပြုလုပ်ပါ။
  • ပမာဏာများတဲ့ လုပ်ငန်းတာဝန်တွေကို အဆင့် တစ်ဆင့်ချင်းဆီ သတ်မှတ်ပြီး စိတ်ဖိစီးမှု မရရှိအောင်လုပ်ဆောင်ပါ။
    အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးပေမယ့် မသက်သာဘူးဆိုပါက နီးစပ်ရာဆရာဝန်၊ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Photo- Internet

Source- World Health Organization
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top