(၁၂) ရာသီခွင်တို့ရဲ့ သဘောထားအမှန်တွေ

free-bird-zodiac-neon-sign-free-for-all-ad.png

ကျွန်တော်တို့အားလုံး အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း၊ အချစ်ကိုပုံဖော်ပုံချင်း မတူညီကြပါဘူး။ နည်းလမ်းအမျိုးမျိုးနဲ့ အချစ်ကိုပြသကြပြီး တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ အချစ်နဲ့ပတ်သတ်လို့ ရောထွေးမှုတွေ ရှိနေတတ်ပါတယ်။

တကယ်တော့ ဆယ့်နှစ်ရာသီခွင်တွေအနေနဲ့ အချစ်ကိုတွေ့တဲ့အခါ ဘယ်လိုပြောင်းလဲသွားတတ်ကြတယ်ဆိုတဲ့ ပုံစံကရှိပြီးသားပါ။

၁။ မိဿရာသီဖွားများ

မိဿရာသီဖွားတွေ ချစ်တတ်လာပြီဆိုရင်တော့ သင့်ကိုလိုတာထက်ပိုပြီး အကာအကွယ်ပေးပါလိမ့်မယ်။ သင့်အတွက်နဲ့ ရန်ဖြစ်ရမယ်ဆိုရင်လည်း ဝန်မလေးပါဘူး။ နစ်နာပါစေဆိုတဲ့ ဆန္ဒမျိုးမရှိဘဲ စနောက်တတ်ပြီး သင့်အနားမှာ အမြဲရှိနေပေးမယ့် ရာသီဖွားတွေပဲဖြစ်ပါတယ်။

၂။ ပြိဿရာသီဖွားများ

ဒီရာသီဖွားတွေဟာ သူတို့ချစ်သူကို အလွန်တရာရက်ရောပြီး အထောက်အပံ့အများကြီး ပေးတတ်ပါတယ်။ ဂရုစိုက်မှုတွေ တလှေကြီးပေးပြီး သင့်ဘဝထဲကအကြောင်းအရာတိုင်းကို အသေးစိတ်မှတ်မိနေကြသူတွေပဲ ဖြစ်ပါတယ်။ ၂၄ နာရီနဲ့ ၇ ရက်လုံး သင့်အနားမှာ ရှိချင်နေကြသူတွေပဲ ဖြစ်ပါတယ်။

၃။ မေထုန်ရာသီဖွားများ

သင်နဲ့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေချင်ပြီး စွန့်စားခန်းတွေ အတူတူပြုလုပ်ချင်တာက မေထုန်ရာသီဖွားလေးတွေပါ။ သင်စိတ်ဓာတ်ကျနေတိုင်းမှာအားပေးပြီး သင့်ကို ဘယ်တော့မှ စွန်ပစ်သွားမယ့်သူတွေမဟုတ်ပါဘူး။

၄။ ကရကဋ်ရာသီဖွားများ

ကရကဋ်ရာသီဖွားတွေကတော့ သင့်ကို ဘယ်လောက်ကြင်နာကြောင်းနဲ့ သင့်အနားမှာ အမြဲရှိနေပါတယ်ဆိုတာကို သင်သိအောင်ဖွင့်ပြောပါလိမ့်မယ်။ သင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတိုင်းကို သိချင်နေတာက ကရကဋ်ရာသီဖွားတွေပါ။

၅။ သိဟ်ရာသီဖွားများ

သိဟ်ရာသီဖွားတွေကတော့ သင့်ကို ဘယ်လောက်ဂရုစိုက်ကြောင်းကို အကြင်နာတွေ၊ လက်ဆောင်တွေပေးပြီး ပြသပါလိမ့်မယ်။ ဂရုစိုက်မှုတွေ အဆက်မပြတ်ပေးနေတတ်တာကိုက သိဟ်ရာသီဖွားတွေ သင့်ကိုကြွေနေပြီဖြစ်ကြောင်း သိသာနေစေတာပါ။

၆။ ကန်ရာသီဖွားများ

ဒီရာသီဖွားတွေက သင့်ကို မကြာခဏစနောက်တတ်ပေမယ့် သင်အလိုရှိတဲ့အခါတိုင်း အနားရောက်လာပြီး အကာအကွယ် အလွန်အကျွံပေးတတ်ကြသူတွေပဲဖြစ်ပါတယ်။ သူတို့ဂရုစိုက်မိနေကြောင်း သင့်ကို ဖွင့်မပြောပေမယ့်လည်း အလုပ်နဲ့ သက်သေပြကြသူတွေပါ။

၇။ တူရာသီဖွားများ

တူရာသီဖွားတွေ ဂရုစိုက်တတ်လာပြီဆိုရင်တော့ သင့်ကို ပွင့်ပွင့်လင်းလင်းဆက်ဆံလာပါလိမ့်မယ်။ သူတို့ဘဝအကြောင်းတွေ သင့်ကိုပြောပြရတာနှစ်သက်ပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကိုပါ သင့်ကို ဖွင့်ပြောလာပါလိမ့်မယ်။ ဘယ်လိုအခက်အခဲမျိုးကြုံကြုံ သင့်အနားမှာရှိနေပြီး သင့်ကိုယ်သင် ယုံကြည်ချက်ရှိလာအောင်လည်း တောက်လျှောက် ဖေးမပေးပါလိမ့်မယ်။

၈။ ဗြိစ္ဆာရာသီဖွားများ

အခွင့်အရေးရှိနေရင်တောင်မှ ပွင့်ပွင့်လင်းလင်း မဖွင့်ပြောပဲ သိုဝှက်ထားတတ်တာ ဗြိစ္ဆာရာသီဖွားတွေပါ။ သို့ပေမယ့်လည်း သင်ပြောသမျှစကားတိုင်းကိုနားထောင်ပေးပြီး သင့်ကို အကြံဥာဏ်ကောင်းတွေပေးတတ်ကာ အကာအကွယ်အများကြီးပေးတတ်သူပါ။

၉။ ဓနုရာသီဖွားများ

ချစ်သူအတွက် ဘာမဆိုလုပ်ပေးတတ်သူတွေပါ။ ချစ်သူအပေါ်အလွန်သစ္စာရှိပြီး အလွန်တွယ်ကပ်တတ်သူတွေလည်း ဖြစ်ပါတယ်။ ဓနုရာသီဖွားတွေဟာ သင့်အနားမှာအမြဲ အထောက်အပံ့ပေးနေပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူတွေလည်းဖြစ်ပါတယ်။

၁၀။ မကာရရာသီဖွားများ

ဘယ်လိုအခြေအနေမျိုးမဆို သူတို့ချစ်သူနားမှာပဲ အမြဲတွယ်ကပ်နေပြီး ချစ်သူအပေါ်လည်း အလွန်သစ္စာရှိကြပါတယ်။ တခြားသူတွေကို ကူညီရတာနှစ်သက်တဲ့ မကာရရာသီဖွားတွေဟာ သင့်ကို အကြံဥာဏ်ကောင်းတွေပေးပြီး အထောက်အပံ့ကောင်းတွေလည်း ပေးကြပါတယ်။

၁၁။ ကုမ်ရာသီဖွားများ

သင်နဲ့အမြဲတမ်း စကားပြောချင်နေပြီး အချိန်တိုင်းလိုလို သင့်အနားမှာရှိနေချင်ကြတာ ကုမ်ရာသီဖွားတွေပါ။ သင်စိတ်ဓာတ်ကျနေတဲ့အခါမျိုးမှာ ပြုံးရယ်လာတတ်စေဖို့ အတတ်နိုင်ဆုံးကြိုးစားကြပြီး ဘယ်တော့မှ သင့်အပေါ်လက်လျော့မှာ မဟုတ်တဲ့သူတွေပဲဖြစ်ပါတယ်။

၁၂။ မိန်ရာသီဖွားများ

သူတို့စိတ်ဝင်စားမိနေကြောင်းကို ပွင့်ပွင့်လင်းလင်းပဲပြောပြီး သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုလည်း သက်တောင့်သက်သာအနေအထားမှာပဲ ရှိနေစေပါတယ်။ အကြံအဥာဏ်ကောင်းတွေပေးပြီး သင့်အနေအထားကို အမြဲတမ်း ဂရုတစိုက်ကြည့်ရှုနေကြသူတွေပါ။

Ref : Internet

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top