“Britain’s Got Talent” မှာ ဒိုင်တွေကို အံ့အားသင့်စေခဲ့တဲ့ မျက်မမြင်ကောင်မလေး

20-5-2020-yyl-032.jpg

အသက် (၁၄) နှစ်အရွယ် ဗြိတိန်-ပါကစ္စတန်ကပြားမလေး ဆီရင် ဂျာဟန်ဂျီအာ ဟာ Britain’s Got Talent မှာ ဒိုင်တွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူက ပြိုင်ပွဲမှာ Gabrielle Aplin ရဲ့သီချင်း Salvation နဲ့ ဒိုင်တွေကို ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။ သူ သီဆိုယှဉ်ပြိုင်နေစဉ်မှာပဲ ပရိသတ်တွေရဲ့လက်ခုပ်သံများနဲ့ဆူညံခဲ့ရသလို သူ့အစ်ကိုကလည်း ကြည့်နေရင်းနဲ့ မျက်ရည်ကျခဲ့ရပါတယ်။ ဆီရင်က တကယ်တော့ မျက်မမြင်ကောင်မလေးတစ်ယောက်ပါ။ သူ့နောက်ကွယ်က ဇာတ်လမ်းလေးဟာ စိတ်မကောင်းစရာပါပဲ။ အဲဒီဇာတ်လမ်းက သူ့အသက် (၅) နှစ်အရွယ်မှာ ပြင်းထန်တဲ့အမြင်အာရုံပြဿနာရှိခဲ့တယ်ဆိုတာကို သူနဲ့ သူ့မိဘတွေသိရခဲ့တဲ့ အချိန်ကစခဲ့တာပါ။

မကြာခင်မှာပဲ သူ့ရဲ့ဘယ်ဖက်မျက်လုံးက အမြင်အာရုံဆုံးရှုံးနေတဲ့အတွက် ညာဖက်မျက်လုံးနဲ့ကြည့်ခဲ့ရပါတယ်။ (၄) နှစ်အကြာ သူ့အသက် (၉) နှစ်မှာ နည်းမျိုးစုံနဲ့ကုသခဲ့ပေမဲ့ သူ့ရဲ့ညာဘက်မျက်လုံးကလည်း အမြင်အာရုံဆုံးရှုံးသွားခဲ့ပါတော့တယ်။ “အိန္ဒိယမှာ(၆) ပတ်လောက် ကုသမှုခံယူပြီးတော့တောင် နည်းမျိုးစုံကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်လာခဲ့ပါဘူး။ သမီးလေး အသက် (၉) နှစ်မှာ သူ အမြဲလုပ်နေကျအတိုင်း သူ့မျက်နှာနားကပ်ပြီး iPad ကို ကိုင်ပြီး ဂိမ်းဆော့နေခဲ့တာပါ။ ရုတ်တရက်ကြီး ကျွန်တော်ဆီ ရောက်လာပြီး iPad ကို ပေးပြီး သူ ဆက်မဆော့နိုင်တော့ဘူးလို့ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်သိလိုက်ပြီ။ သမီးလေး အမြင်အာရုံပျောက်ကွယ်သွားပြီဆိုတာကို။ ကျွန်တော် အခြားအခန်းထဲသွားပြီး ငိုခဲ့ရတယ်” လို့ ဆီရင်းရဲ့ဖခင်က ပြန်ပြောပြခဲ့ပါတယ်။

ဆီရင်က “သမီး တီဗီကနေ ဆိုင်မွန်ကို ကြည့်ပြီး ကြောက်စရာကောင်းတယ်လို့ ထင်ခဲ့ပါတယ်။ အခု တော်တော်လေးကွာခြားပါတယ်။ သူက ပိုပြီးတောင် သဘောကောင်းပါတယ်” လို့ ဒိုင်လူကြီး ဆိုင်မွန်နဲ့ ပတ်သက်ပြီး ပြောပါတယ်။ ဒိုင်လူကြီးတွေကို စကားပြောရင်းနဲ့ သူက “သမီး အခုမလုပ်နိုင်ခဲ့ပေမဲ့ လုပ်နိုင်တဲ့အချိန်ရှိမှာပါ။ ဒါပေမဲ့ ဂီတက သမီးရဲ့အမြင်အာရုံပါ။ ဒါက သမီးချစ်တဲ့အရာပါ” လို့ ဆိုပါတယ်။

ဆီရင်က ဒိုင်တွေဆီက Yes (၄) ခုရရှိခဲ့သလို ပွဲကြည့်ပရိသတ်တွေကလည်း သူ့ကိုကြည့်ပြီး မျက်ရည်ကျတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီရှိုးကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အတွက် ရပ်ဆိုင်းထားပါတယ်။ ဆီရင်ယှဉ်ပြိုင်တဲ့ရှိုးကတော့ Lockdown မချခင် ဒီနှစ်အစောပိုင်းက ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

ဗီဒီယို

Ref: 14-year-old blind British-Pakistani girl wows judges at ‘Britain’s Got Talent’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top