ကိုရီးယားမိုးကြီးရေလျှံမှုအတွင်း လူစိတ်ဝင်စားမှုများပြီး Meme ပုံဖြစ်လာခဲ့တဲ့ ဓာတ်ပုံတစ်ပုံ

11-8-2022-yyl17.jpg

ဘေးဖက်ကနေ ရိုက်ထားတဲ့ပုံ

ဩဂုတ်လ ၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးလ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်၊ အဆောက်အဦးတွေ၊ လမ်းတွေနဲ့ မြေအောက်ရထားဘူတာတွေ ရေလွှမ်းခဲ့ရပါတယ်။

နောက်ကနေ ရိုက်ထားတဲ့ပုံ
ရုပ်ရှင်ဇာတ်ကားပိုစတာအဖြစ် ဖန်တီးထား

နောက်ထပ် မိုးပိုလာနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသခန့်မှန်းသူတွေက သတိပေးထားပါတယ်။ တောင်ကိုရီးယားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘယ်လောက်တောင် ရေလွှမ်းခဲ့ရလဲဆိုတာကို အင်တာနက်အသုံးပြုသူတွေက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ မျှဝေခဲ့ကြတာပါ။

ရုပ်ရှင်ဇာတ်ကားပိုစတာအဖြစ် ဖန်တီးထား
ရုပ်ရှင်ဇာတ်ကားပိုစတာအဖြစ် ဖန်တီးထား

အင်တာနက်အသုံးပြုသူတွေ မျှဝေခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ပုံတစ်ပုံက လူစိတ်ဝင်စားမှုများခဲ့ပြီး Meme ပုံ ဖြစ်လာခဲ့ပါတယ်။ ရေမြုပ်နေတဲ့ ကားတစ်စီးပေါ်မှာ အမျိုးသားတစ်ယောက် ထိုင်နေတဲ့ ဓာတ်ပုံပါပဲ။ အဲဒီအမျိုးသားက အေးဆေးဆေးဆေးပဲ ထိုင်နေပြီး ဖုန်း (သို့) Tablet သုံးနေပုံရပါတယ်။

အင်တာနက်အသုံးပြုသူတွေက အဲဒီအမျိုးသားကို သတင်းထောက် ပတ်ဆန်ရူလို့ ထင်ထား

တချို့ အင်တာနက်အသုံးပြုသူတွေက ရှုထောင့်အမျိုးမျိုးကနေ ရိုက်ထားတဲ့ အဲဒီအမျိုးသားရဲ့ဓာတ်ပုံတွေကိုလည်း မျှဝေခဲ့ပါတယ်။ အဲဒီအမျိုးသားရဲ့ဓာတ်ပုံကို ရုပ်ရှင်ဇာတ်ကားပိုစတာတွေအဖြစ် အမျိုးမျိုးဖန်တီးခဲ့ကြပါသေးတယ်။

လူအများစိတ်ဝင်စားမှုရရှိခဲ့တဲ့ ဓာတ်ပုံ

နောက်ပိုင်းမှ အင်တာနက်အသုံးပြုသူတွေက အဲဒီအမျိုးသားဟာ Yonhap News သတင်းထောက် ပတ်ဆန်ရူဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားက ဘယ်သူဆိုတာကိုတော့ အတည်မပြုရသေးပါဘူး။

Ref: Korean Man Chills On Top Of His Car During Flood, Sparks Memes

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top