ကိုဗစ်ကို တွန်းလှန်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ သူနာပြု ၁၆၄ ယောက်ကို ရည်ညွှန်းတဲ့ ဖိနပ် ၁၆၄ ရံ

27-7-2020-yyl-047.jpg

ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့က လွှတ်တော်အဆောက်အအုံ မြက်ခင်းပြင်ပေါ်မှာ ချထားတဲ့ ဖိနပ် ၁၆၄ ရံကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွန်းလှန်တိုက်ခိုက်ပေးနေရင်း အသက်ပေးခဲ့ရတဲ့ သူနာပြုတစ်ယောက်စီတိုင်းကို ရည်ညွှန်းပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ သူနာပြုတွေက ကွယ်လွန်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေအတွက် အောက်မေ့သတိရ ဆုတောင်းပွဲကျင်းပခဲ့ကြပါတယ်။

သူတို့က ဆုတောင်းရုံတင်မကဘဲ အစိုးရကိုလည်း တောင်းဆိုမှုလုပ်ခဲ့ပါတယ်။ ” ရှင်တို့အနေနဲ့ သူရဲကောင်းတွေနေရာကို အစားမထိုးသင့်ပါဘူး။ ကျွန်မတို့က လိုသုံးတွေမဟုတ်ပါဘူး။ ကျွန်မတို့ နာဖျားနေကြပြီ။ တခြားကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ သေလုမျောပါးဖြစ်နေကြပြီ။ အစိုးရဘက်က လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ ဒါက ဝေဖန်လိုက်တာပါ”လို့ သူနာပြု အမျိုးသားသမဂ္ဂ (NNU)ဥက္ကဋ္ဌ ယန်းရို့စ်(Jean Ross)က ပြောခဲ့ပါတယ်။ ဒါ့အပြင် အထက်လွှတ်တော်အနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ(PPE) တွေ ထောက်ပံ့ပေးနိုင်မယ့်၊ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးနိုင်မယ့် သူရဲကောင်းများအက်ဥပဒေ (HEROES Act)ကို အတည်ပြုပေးဖို့ အထက်လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။

Ref: cbsnews ” 164 pairs of shoes placed on the lawn of the Capitol, representing nurses who died from coronavirus “

Nz ( ရိုးရာလေး )

Website: yoyarlay.com
Instagram: instagram.com/yoyarlayonline
Youtube: youtube.com/yoyarlayonline
Hotline: 09-400 000 661
Email: [email protected]

Nz_yyl #News_yyl #Covid19

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top