Mask တွေပြတ်လပ်မှုကြောင့် အိမ်ထဲမှာနေရင်း တစ်နေ့ကို Mask (၅၀) ချုပ်လုပ်တဲ့ အသက် (၈၄) နှစ်အရွယ် အဘွား

1-4-2020-yyl-008.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုက လက်သန့်ဆေးရည်နဲ့ Mask တွေလို မရှိမဖြစ်လိုအပ်တဲ့အရာတွေကို ပြတ်လပ်တဲ့အထိ တောင်းဆိုမှုများလာစေပါတယ်။ အခုဆိုရင် အစိုးရတွေက ပြည်သူတွေအတွက် ရနိုင်မယ့် မရှိမဖြစ်လိုအပ်တဲ့အရာတွေကို ပြုလုပ်ဖို့အတွက် တက်နိုင်သလောက် လုပ်ဆောင်လို့နေပါတယ်။ ပစ္စည်းပြတ်လပ်မှုပြဿနာကို တိုက်ဖျက်ဖို့အတွက် ပြည်သူတွေကလည်း ကူညီပေးနေပါတယ်။ အဲဒီပြည်သူတွေထဲမှာ စပိန်နိုင်ငံက အသက် (၈၄) နှစ်အရွယ် မာဂါရီတာ ဂေးလ် ဘာရို ဆိုတဲ့အဘွားလည်း အပါအဝင်ပါပဲ။

အဲဒီအဘွားက အသွားအလာကန့်သတ်ထားစဉ်အတွင်းမှာ Mask (၅၀) ကို နေ့တိုင်း ချုပ်လုပ်နေပါတယ်။ သူက အသက် (၁၀) နှစ်ကတည်းက စက်ချုပ်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အဘွားက သူ့ရဲ့ဘဝအတွေ့အကြုံတွေနဲ့ အရည်အချင်းတွေကို အသုံးပြုပြီးလိုအပ်နေတဲ့ သူတွေကို ကူညီပေးနေပါတယ်။ အဘွား မာဂါရီတာက နေ့တိုင်း လူတွေဖျားနာပြီး သေဆုံးနေစဉ်မှာ သူူ ဒီအတိုင်း ထိုင်မနေနိုင်ဘူးလို့ သူ့ရဲ့သားကို ပြောပါတယ်။ “ဖျားနာနေတဲ့သူတွေ၊သေဆုံးတဲ့သူတွေ ပိုများလာတာကို သိနေရတာကို ထိုင်ပြီးကြည့်မနေနိုင်ဘူး။ ငါ Maskတွေ ချုပ်တော့မယ်” လို့ မာဂါရီတာက သူ့သားဒိုမီဂိုကို ပြောပါတယ်။ အဘွား မာဂါရီတာ Mask တွေ ချုပ်လုပ်နေတာကို သူ့ရဲ့သားက စပိန်သတင်းစာ El Mundoကို ပြောပြခဲ့တာပါ။

“ကျွန်တော်ကို သူ့အတွက် အထည်ဝယ်ပေးနိုင်တယ်လို့ ဖုန်းကနေ အမေက ကျွန်တော့်ကို ပြောပါတယ်။ အမေက အထည် (၂၀) မီတာလောက် တောင်းပါတယ်။ ခွင့်ပြုထားတဲ့နေရာအတွင်းမှာ အထည်မရှိတဲ့အတွက် ကျွန်တော် ဘယ်လိုဝယ်ရမလဲ၊ ဘယ်လိုသယ်သွားရမလဲဆိုတာ ကျွန်တော်မသိဘူး”လို့ ဒိုမီဂိုက ပြောပါတယ်။

စပိန်နိုင်ငံံက လက်ရှိမှာ COVID-19 ကူးစက်ခံရမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ဇန်နဝါရီလကတည်းက လက်ကျန်ပစ္စည်းကုန်သွားတဲ့အတွက် ဆေးဆိုင်တွေမှာ Mask တွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဝတ်အထည်တံဆိပ် Inditex ကလည်း ပြီးခဲ့တဲ့တနင်္လာနေ့ကမှ ကျန်းမာရေးဝန်ကြီးဌာနကို Mask (၁.၅) သန်း လှူဒါန်းခဲ့သလို Cordoba, Alcala de Guadaira, Huelva, Alcala-Meco, Topas နဲ့ Sevilla Iprions က ထောင်သားတွေကလည်း Mask တွေ ချုပ်လုပ်လို့နေပါတယ်။

အိမ်လုပ်Mask တွေက COVID-19 ကို ကာကွယ်ပေးနိုင်မယ်လို့ အာမ မခံနိုင်ပေမဲ့ ဒါတွေကို နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုလို့ရတယ်လို့ Centers for Disease Control and Prevention က အကြံပြုထားပါတယ်။

Ref: This 84 year-old-quarantined grandmother sews 50 face masks a day amid shortage

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top