ဆွာရက်ဇ်နေရာ အစားထိုးဖို့ တိုက်စစ်မှူးရှာနေတဲ့ ဘာစီလိုနာ

hotsports012220.jpg

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ လူးဝစ်ဆွာရက်ဇ်နေရာ အစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ယောက် ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က ဝန်ခံခဲ့ပါတယ်။ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့ရလို့ (၄)လကြာ အနားယူရမှာပါ။ လာလီဂါနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဆွာရက်ဇ် အနားယူရမယ့်အတွက် တိုက်စစ်အင်အား လျော့နည်းသွားဖို့ ရှိနေပါတယ်။

အသက် ၃၂ နှစ်ရှိတဲ့ ဆွာရက်ဇ်ဟာ အခုလအစောပိုင်းက အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်မှာ ညာဘက်ဒူးအရွတ် ဒဏ်ရာရခဲ့တာ ဖြစ် ပါတယ်။ ဘာစီလိုနာအသင်းက ဆွာရက်ဇ်နေရာ အစားထိုးဖို့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ချိန်ရွယ်နေတယ်လို့ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗို က ဖော်ပြပါတယ်။ ဆွာရက်ဇ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားချိန်မှာ (၁၄)ဂိုးသွင်းပြီး (၁၁)ဂိုး ဖန်တီးနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top