တိုက်စစ်မှုး ကျော်ကိုကို အား ထိုင်း ချင်းရွိုင်း ကလပ်မှ တစ်နှစ်စာချုပ်ဖြင့် အငှားခေါ်ရန်သဘောတူညီမူရ

9-7-2020-yyl-021.jpg

ရန်ကုန်ယူနိုက်တက် အသင်း တိုက်စစ်မှုးကျော်ကိုကို အား ချင်းရွိုင်းယူနိုက်တက် အသင်းမှ ၁ နှစ်အငှါးစာချုပ် ဖြင့်ခေါ်ယူရန် အကြိုသဘောတူညီမှုရရှိ Yangon United Football Club ၏ ဖေ့ဘုတ်စာမျက်နှာတွင်ဖော်ပြခဲ့သည် တ်ိုက်စစ်မှုး ကျော်ကိုကို ကို ခေါ်ယူရန် ရန်ကုန်ယူနိုက်တက် မှ တာဝန်ရှိသူများ နှင့် ချင်းရွိုင်း အသင်းမှ ကိုယ်စားလှယ် တို့ တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးနောက် အကြိုသဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇက “နိုင်ငံခြား ကလပ်တွေက မြန်မာ ကစားသမားတွေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာ အရမ်းကောင်းတဲ့ အလားအလာတစ်ခုပါ။ အခု အပြောင်းအရွှေ့ဟာ မြန်မာ့ဘောလုံးလောကအတွက်၊ ကစားသမားအတွက်၊ ကလပ်အသင်းအတွက်ရော သုံးဦးသုံးဖလှယ် ကောင်းကျိုးရနိုင်တယ်။ ကျော်ကိုကို အနေနဲ့လည်း ထိုင်းနိုင်ငံမှာ အကောင်းဆုံးကြိုးစားပြီး ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းကို မြင့်တင်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းထားတယ်။ ကျော်ကိုကိုအနေနဲ့ အသင်းသစ်နဲ့ အတူ ခြေစွမ်းပြနိုင်ဖို့ ဆုတောင်းပေးပါတယ်” ဟုဆိုခဲ့သည်။

“အသင်းဥက္ကဌက ကစားသမားတွေကို ဒီထက်မြင့်တဲ့နေရာ ရောက်စေချင်တယ်၊ အတွေ့အကြုံတွေလည်း ရစေချင်တဲ့အပြင် ထိုင်းလိဂ်က ဒီမှာထက် ပိုမိုကောင်းမွန်တဲ့လိဂ်ဆိုတာ အငြင်းပွားစရာမလိုပါဘူး။ ဒါကြောင့် ဒီလိုကမ်းလှမ်းတဲ့အချိန်မှာ တစ်ဖက်အသင်း၊ ရန်ကုန်အသင်းနဲ့ ကစားသမား သုံးဦး၊ သုံးဖလှယ်အကျိုးရှိပြီး အသင်း ဥက္ကဌကလည်း ကစားသမားတွေအတွက် အခွင့်အရေး ဖန်တီးပေးချင်ပါတယ်။ ဒါကြောင့် ပေါ်ပေါက်လာတဲ့အခွင့်အရေးကို အသုံးပြုပြီး ခုလို ညှိုနှိုင်းတဲ့အဆင့်ထိ အဆင်ပြေသွားတဲ့အတွက် ဝမ်းသာပါတယ်” ဟု အသင်းမန်နေဂျာ ဦးမြင့်သိန်း က ပြောကြားခဲ့သည်။

ချင်းရွိုင်း ယူနိုက်တက် အသင်းသည် ယခုနှစ် ထိုင်းပရီးမီယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် ၄ နေရာတွင် ရပ်တည်ခဲ့ပြီး လာမည့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ဒုတိယ ရှုံးထွက်အဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းလည်း ဖြစ်သည်။ယခုလို အကြိုသဘောတူညီမှုရရှိတဲ့အတွက် ဝမ်းသာကြောင်းကို ကျော်ကိုကို က “ခုလို ညှိနှိုင်းမှု ဖြစ်မြောက်သွားတဲ့အတွက် ဝမ်းသာပါတယ်။ ခုလိုဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ အသင်းဥက္ကဌ နဲ့ အသင်းတာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

Ref: Yangon United Football Club

ကောင်းထက်ငွေ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top