မတ်တတ်ရပ် အလုပ် လုပ်ခြင်းက ကျန်းမာရေးကောင်းပြီး အလုပ်ပိုပြီး

stand11.jpg

ဗြိတိန်မှ လေ့လာသူများအနေဖြင့် စမ်းသပ်ချက် တစ်ခု ပြုလုပ်ခဲ့ရာ မတ်တတ်ရပ်ပြီးတော့ အလုပ် လုပ်ခြင်းဟာ အလုပ် လုပ်သူအတွက် ကျန်းမာရေးလည်း ကောင်းသလို အလုပ်ကိုလည်း ပိုမို ပြီးမြောက်စေကြောင်း တွေ့ရှိခဲ့ပါတယ်။

အမြဲတမ်း တောက်လျှောက် မတ်တတ်ရပ်စေဖို့တော့ မဟုတ်ပါဘူး။ အဲ့ဒီလို မတ်တတ်ရပ်ရရင်တော့ ဆိုးကျိုး ပိုဖြစ်စေပါလိမ့်မယ်။ အကြံပေးထားတာကတော့ တစ်ရက်ရဲ့ အလုပ် လုပ်ချိန် ၈ နာရီမှာ ၁ နာရီ သို့မဟုတ် ၂ နာရီလောက် မတ်တတ်ရပ်ပြီးတော့ အလုပ် လုပ်ရန်ဖြစ်ပါတယ်။

ယင်းကဲ့သို့ လုပ်ခြင်းဖြင့် အလုပ် ပိုပြီးမြောက်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကိုယ်ခန္ဓာတွင်း ဆဲလ်များ လှုပ်ရှားမှု မြန်ဆန်ပြီး ပိုလို့ အားအင်ရှိစေကြောင်း ဆိုပါတယ်။ ယင်းဟာ မာရသွန်ပြေးရန် လေ့ကျင့်နေတဲ့ အချိန်ကာလမှာ ဖြစ်တဲ့ ကျန်းမာရေး အနေအထားနဲ့ တူကြောင်းတောင် ဆိုပါတယ်။

တစ်နေကုန် ထိုင်ပြီးတော့ အလုပ် လုပ်ခြင်းဟာ ခါးနာခြင်း၊ ကျီးပေါင်းတက်ခြင်း၊ လိပ်ခေါင်း အစရှိသဖြင့် ရောဂါမျိုးစုံ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ထိုင်ပြီးတော့ အလုပ် လုပ်ရသူများအနေဖြင့် ကျန်းမာရေးအတွက် ယခုလို တစ်ခါတစ်ရံ မတ်တတ်ရပ် လုပ်ရန် လိုအပ်ပါတယ်။ ယင်းအတွက်လည်း မတ်တတ်ရပ်တဲ့အခါ level ညီတဲ့ စားပွဲ လိုအပ်ပါတယ်။
.

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top