သူ့ရဲ့ဝင်ငွေတွေကို ပရဟိတအဖွဲ့အစည်းဆီ လှူဒါန်းပေးနေတဲ့ မင်းသားမိုက်ကယ် ရှီးန်

6.10.23-yyl-6.jpg

တီဗီစီးရီး၊ ရုပ်ရှင်ကားတွေနဲ့ အောင်မြင်မှုရရှိထားတဲ့ ဗြိတိန်မင်းသားမိုက်ကယ်ရှီးန်က သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ Emmy၊ Golden Globe နဲ့ BAFTA ဆုတွေအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့သူပါပဲ။ အခုလို သူ့ရဲ့အောင်မြင်မှုဟာ သူ့အတွက် အကျိုးရှိစေမယ့်အစား သူ့ရဲ့အနာဂတ်ဝင်ငွေတွေကို လူမှုရေးဆိုင်ရာပြဿနာတွေဖြေရှင်းပေးနေတဲ့ ပရဟိတအဖွဲ့အစည်းမှာ လှူဒါန်းဖို့ ဆုံးဖြတ်ထားတာပါ။

“လူတော်တော်များများက ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက် အခြားသူတွေကို ကူညီတဲ့သူတွေထဲက တစ်ယောက်ဖြစ်ချင်တာကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်နားလည်ခဲ့တယ်။ အခြားသူတွေလုပ်ခဲ့တဲ့ အသီးအပွင့်တွေကို နှစ်သက်တဲ့ သူတစ်ယောက်မဖြစ်ချင်ဘူး”လို့ သူက ဆိုပါတယ်။ သူ့ရဲ့အသက်အမွေးဝမ်းကြောင်းအလုပ်မှာ အမြတ်အစွန်းရတဲ့အထိ အောင်မြင်နေပြီး ဒီအောင်မြင်မှုကို လူတွေကို ပြန်ပေးဖို့ အသုံးချချင်တယ်လို့လည်း ပြောပါတယ်။

ဝေလနိုင်ငံ၊ Port Talbot မြို့လေးမှာ ရိုက်ကူးရေးလုပ်ခဲ့တဲ့အချိန် ၂၀၁၁ ခုနှစ်မှာ သူ အခုလိုနားလည်လိုက်တာပါ။ ဒီရိုက်ကူးရေးပရောဂျက်ဟာ ရပ်ရွာအတွင်းက လူတွေနဲ့ ကလေးတွေကို ဘယ်လောက်တောင်အကူအညီဖြစ်စေခဲ့လဲဆိုတာကို သူ တွေ့ရှိခဲ့တာပါ။ အဲဒီနောက် လ အနည်းငယ်ကြာမှာ အဲဒီမြို့လေးကို ပြန်သွားတဲ့အချိန် ပရဟိတအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေတွေမရှိတော့တာကိုလည်း သိခဲ့ရတယ်။ ရန်ပုံငွေက ကလေးတစ်ယောက်ရဲ့ဘဝကို ကောင်းမွန်အောင်လုပ်ပေးနိုင်တယ်ဆိုတာ နားလည်ထားတဲ့ သူက ခက်ခဲတဲ့အခြားသူတွေကို ကူညီချင်ခဲ့တယ်။ သူက ရန်ပုံငွေရဖို့ လှုံ့ဆော်တဲ့သူဖြစ်ချင်ခဲ့တဲ့မဟုတ်ဘဲ အဲဒါထက်ပိုပြီးလုပ်ချင်ခဲ့တာပါ။ ဒါကပဲ သူ့ကို ဝေလနိုင်ငံ ပြန်ပြောင်းဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။

သူနဲ့အလုပ်လုပ်နေတဲ့ Homeless World Cup အတွက် ရန်ပုံငွေ ပြတ်လပ်သွာတဲ့အချိန် ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ဝင်ငွေကို လှူဒါန်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ အဖွဲ့အစည်းကို ကယ်တင်ဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကန်နဲ့ ဝေလနိုင်ငံမှာ ရှိတဲ့ သူ့ရဲ့အိမ်တွေကို ရောင်းချခဲ့ပါတယ်။ အဲဒီလိုနဲ့ သူက အမြတ်အစွန်းမယူ၊ ကိုယ်ကျိုးမငဲ့တဲ့မင်းသားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူက ပရဟိတအဖွဲ့အစည်းတွေအတွက် သူ့ရဲ့ဝင်ငွေတွေကို နှစ်တော်တော်ကြာလှူဒါန်းနေခဲ့တာပါ။ မိုက်ကယ်ရှီးန်ရဲ့ သရုပ်ဆောင်အလုပ်က ဆက်လက်တောက်ပနေပါတယ်။ သူ အောင်မြင်နေသရွေ့ အနာဂတ်မှာ သူတစ်ပါးတွေကို ဆက်ပြီးကူညီပေးသွားဦးမှာပါ။

Ref: Michael Sheen Is a “Not-for-Profit” Actor Who Donates His Earnings to Social Causes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top