ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုအဖြစ် ကြက်အရှင်တစ်ကောင်ပေးအပ်

67085461_2496158377081734_5358692672150175744_n.jpg

ဘောလုံးပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ကစားသမားကို ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုပေးအပ်တာ မထူးဆန်းပါဘူး။ ဒါပေမဲ့ မာလဝီလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ပေးအပ်မှုကတော့ သြချစရာပါပဲ။ ကာရွန်ဂါယူနိုက်တက်ကို (၅)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ (၂) ဂိုးသွင်းနိုင်ခဲ့တဲ့ Nyasa Big Bullets အသင်းတိုက်စစ်မှူး ကာဂျိုကီကို ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုအဖြစ် ကြက်အရှင်တစ်ကောင်ပေးခဲ့ပါတယ်။

ပရိသတ်တစ်ယောက်က Kajoke BB လို့ ရေးထားတဲ့ပုံးထဲကနေ ကြက်အရှင်တစ်ကောင်ထုတ်ပေးချိန်မှာ ကာဂျိုကီတောင် တွေဝေသွားခဲ့ပါတယ်။ ဒါဟာ ပရိသတ်က သူ့ကိုတန်ဖိုးထားကြောင်းပြသတာလို့ Malawi24 သတင်းဌာနက ဖော်ပြပါတယ်။ တောင်အာဖရိကနိုင်ငံက Mamelodi Sundowns အသင်းတိုက်စစ်မှူးဟာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုအဖြစ် mobile data 5GB ရရှိခဲ့ဖူးပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုအဖြစ် ဘီယာတစ်ဖာပေးအပ်လေ့ရှိပြီး ဂါနာနိုင်ငံမှာတော့ ခြေညှပ်ဖိနပ်တစ်ရံပေးလေ့ရှိပါတယ်။

ဘော့စ်ဝါနာနိုင်ငံမှာတော့ အကောင်းဆုံးကစားသမားဆုအဖြစ် လူသုံးကုန်ပစ္စည်းတွေပေးလေ့ရှိပါတယ်။ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုအများဆုံးရဖူးသူကတော့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီပါပဲ။ မက်ဆီဟာ ၂၀၁၀-၂၀၁၁ ရာသီနောက်ပိုင်း ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု (၂၂၅) ကြိမ်ရခဲ့ဖူးပြီး ဒုတိယနေရာက ရော်နယ်ဒိုထက် အကြိမ် (၁၀၀) လောက်ပိုများနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top