လက်ဝှေ့လောကကနေ အနားယူဖို့အစီအစဉ်မရှိသေးဘူးလို့ ပက်ကွီအိုပြော

67425725_2496158600415045_4916833050987331584_n.jpg

လက်ဝှေ့လောကကနေအနားယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီအိုက ပြောပါတယ်။ ပက်ကွီအိုဟာ အမေရိကန်လက်ဝှေ့သမား ကိတ်သာမန်းဆီက WBA စူပါဝယ်တာဝိတ်ရွှေခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အင်္ဂါနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အနားယူဖို့အစီအစဉ်မရှိသေးပေမဲ့ အနားယူရဖို့အချိန်သိပ်မလိုတော့ဘူးလို့ ပက်ကွီအိုက ဆိုပါတယ်။ ဗြိတိန်လက်ဝှေ့သမား အေမာခန်းနဲ့ထိုးသတ်မယ်ဆိုတဲ့သတင်းတွေကို ဝိတ်တန်း (၈) တန်းချန်ပီယံ ပက်ကွီအိုက ငြင်းဆန်ခဲ့ပြီး အခုနှစ်အတွင်း ထိုးသတ်ဖို့စီစဉ်ထားတဲ့ပွဲစဉ်မရှိသေးဘူးလို့ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင် နေတဲ့ ပက်ကွီအိုဟာ ကိတ်သာမန်းနဲ့လက်ဝှေ့ပွဲရှိတဲ့အတွက် ဖိလစ်ပိုင်သမ္မတရဲ့ (၄) ကြိမ်မြောက် နိုင်ငံတော်အဆင့်မိန့်ခွန်းပြောကြားပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top