ဒီယွန်တေးဝှိုက်ဒါကို ဗလာလက်သီးပွဲဆင်နွှဲဖို့ တိုင်ဆန်ဖျူရီ စိန်ခေါ်

60862408_2388555024508737_983867430012977152_n.jpg

နယူးယော့ခ်မြို့က တိုင်းမ်စကွဲမှာ ဗလာလက်သီးယှဉ်ပြိုင်ထိုးသတ်ဖို့ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဒီယွန်တေးဝှိုက်ဒါကို တိုင်ဆန်ဖျူရီက စိန်ခေါ်ခဲ့ပါတယ်။ တိုင်ဆန်ဖျူရီဟာ ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲ ပြန်ထိုးချင်နေသူပါ။ ဒီယွန်တေးဝှိုက်ဒါဟာ ပြီးခဲ့တဲ့အားလပ်ရက်မှာ ဒိုမီနစ်ဘရာဇီယာလီကို ပထမအချီမှာပဲအလဲထိုးပြီး သူ့ရဲ့ WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သူပါ။

ရှုံးပွဲမရှိသေးတဲ့ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါအတွက် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ (၄၁) ပွဲမြောက် နိုင်ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တိုင်ဆန်ဖျူရီနဲ့ ဒီယွန်တေးဝှိုက်ဒါတို့ ထိုးသတ်ခဲ့တုန်းက တိုင်ဆန်ဖျူရီကို ဒီယွန်တေးဝှိုက်ဒါက နှစ်ကြိမ်တိုင်တိုင် လဲကျအောင်ထိုးနိုင်ခဲ့ပေမဲ့ အမှတ်ပေးဒိုင်တွေက သရေပွဲ သတ်မှတ်ခဲ့ပါတယ်။ ”ဝှိုက်ဒါက ကလေကချေပါ။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ထိုးလို့ရပါတယ်။ နောက်တစ်ခါ သူနဲ့ကျွန်တော် ထိုးဖြစ်ရင် သူ ကြယ်တွေကို ကြည့်ရလိမ့်မယ်လို့ ကတိပေးပါတယ်။ မင်းဘက်က ပြောစရာရှိရင် ငါ့ဆီလာခဲ့ပါ ဝှိုက်ဒါ။ ဒီညနေ တိုင်းမ်စကွဲမှာ ဗလာလက်သီးပွဲနွှဲလိုက်ရအောင်လား”လို့ တိုင်ဆန်ဖျူရီက စိန်ခေါ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top