ဝိတ်တန်း(၄)တန်းရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့ မက္ကဆီကိုလက်ဝှေ့သမား ကာနယ်လိုအယ်ဗာရက်ဇ်

yyl-006-3.jpg

ရုရှားလက်ဝှေ့သမား ဆာဂိုင်ကိုဗာလက်ဗ်နဲ့ ထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်လုပွဲမှာ ဘယ်ညာ  လက်သီးတွဲလုံးနဲ့ပွဲသိမ်းပြီး  အနိုင်ယူခဲ့တဲ့  မက္ကဆီကို  လက်ဝှေ့သမား ကာနယ်လိုအယ်ဗာရက်ဇ်ကတော့ ဝိတ်တန်း(၄)ခုရဲ့  ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဒီပွဲထိုးသတ်မယ့်အချိန်ဟာ  နယူးယော့ခ်မြို့မှာ UFC ပွဲစဉ်တွေ ထိုးသတ်ချိန်နဲ့ တိုက်ဆိုင်နေလို့ ပွဲစမယ့်အချိန်ကို ဆိုင်းငံ့ခဲ့ရပါတယ်။

DAZN ရုပ်သံလိုင်းမှာ တိုက်ရိုက်ကြည့်ရှုသူ များပြားလာစေဖို့အတွက် UFC ပွဲစဉ်တွေ ပြီးဆုံးမယ့်အချိန်ကို စောင့်ဆိုင်းရင်း ပရိသတ်တွေ မပျင်းရအောင် MGM Grand အားကစားရုံထဲက ပိတ်ကားပေါ်မှာ UFC  ပွဲစဉ်တွေ ပြသခဲ့ပါတယ်။ အဲဒီအချိန်မှာ  ကာနယ်လိုအဲဗာရက်ဇ်နဲ့ ဆာဂိုင်ကိုဗာလက်တို့ကတော့ မိနစ်(၉၀)လောက် တစ်ရေးတစ်မော အိပ်စက်ခဲ့ကြပါတယ်။

ပွဲချိန်အများစုမှာ နှစ်ယောက်လုံး သတိထားချဉ်းကပ်ခဲ့လို့  ပွဲအေးခဲ့တာကြောင့်  ပရိသတ်တွေ လှောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။ (၁၁)ချီအရောက်မှာတော့  အယ်ဗာရက်ဇ်ရဲ့ ဘယ်ညာလက်သီး တွဲလုံးမိသွားလို့ ဆာဂိုင်ကိုဗာလက်ဗ် လဲကျသွားပြီး ကြိုးဝိုင်းဒိုင်က ပွဲရပ်ခဲ့ရပါတယ်။ ကာနယ်လိုအဲဗာရက်ဇ်ဟာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ရဖို့ ဝိတ်တန်း(၂)တန်း တက်ထိုးခဲ့ရတာပါ။ ကာနယ်လိုအဲဗာရက်ဇ်ဟာ မတူညီတဲ့ဝိတ်တန်း(၄)ခုမှာ ချန်ပီယံဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ဝှေ့သမားဘဝမှာ (၈)ခုမြောက် ချန်ပီယံခါးပတ်ပါ။

”ကိုယ့်ရဲ့သမိုင်းကိုရေးပြီး အာမခံချက်လည်း  ပေးနိုင်ခဲ့ပါပြီ။  ဒီပွဲစဉ်တစ်လျှောက်လုံး  စိတ်ရှည်ရှည်ထားခဲ့ပါတယ်။ ဆာဂိုင်ကိုဗာလက်ဗ်က လက်ဝှေ့သမားကောင်းတစ်ယောက်ပါ။
၂၀၂၀ ကို စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကိုပေါ့။ ဂလော့ကင်က ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ရပ်မဟုတ်ပါဘူး။ သူ့ဘက်က စိန်ခေါ်လာရင် မထိုးစရာအကြောင်းမရှိပါဘူး”လို့ ကာနယ်လိုအဲဗာရက်ဇ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top