မိသားစုကို ကာကွယ်ပေးနိုင်ဖို့ ပေါင် ၁၅,၀၀၀ တန် သက်တော်စောင့်ခွေး ဝယ်ယူခဲ့တဲ့ စပါးဂိုးသမား ဟူဂိုလိုရစ်

20-5-2020-yyl-024.jpg

စပါးအသင်းဖော် ဒယ်လီအလီရဲ့အိမ် ဓားပြတိုက်မခံရခင် ၂ ပတ်အလိုမှာ စပါးဂိုးသမား ဟူဂိုလိုရစ်က အထူးလေ့ကျင့်ထားတဲ့ သက်တော်စောင့်ခွေးတစ်ကောင်ကို ပေါင် ၁၅၀၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ ဒယ်လီအလီရဲ့ ပေါင် ၂ သန်းတန် စံအိမ်ထဲကို ဓားပြတွေ ဝင်လာပြီး ဒယ်လီအလီကို ဓားထောက်အနုကြမ်းစီးခဲ့တာပါ။ အနုကြမ်းစီးခံရတဲ့ဖြစ်ရပ်မှာ ပေါင်သိန်းချီတန်ကြေးရှိတဲ့ လက်ဝတ်ရတနာတွေ၊ နာရီတွေ ပါသွားခဲ့ပြီး ဒယ်လီအလီလည်း မျက်နှာမှာ ဒဏ်ရာရခဲ့ပါတယ်။

စပါးဂိုးသမား ဟူဂိုလိုရစ်ကတော့ သူ့ဇနီး မာရင်းနဲ့ သူ့ရဲ့ကလေး ၃ ယောက်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ သက်တော်စောင့်ခွေးတစ်ကောင်ကို ငွေများများသုံးပြီး ဝယ်ယူခဲ့တာပါ။ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ သက်တော်စောင့်ခွေး ဝယ်ယူတဲ့ ကစားသမား တော်တော်များများ ရှိနေပြီး မန်ယူကစားသမားတွေဖြစ်တဲ့ ဝမ်ဘစ်ဆကာ၊ ဂျာစီလင်ဂတ်၊ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီတို့လည်း ပါဝင်တယ်လို့ The Sun က ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top