၁၉၄၅ခုနှစ်မှာ မရခဲ့တဲ့ ဒီပလိုမာဘွဲ့ကို ၂၀၂၁ခုနှစ်မှ ယူနိုင်ခဲ့သူ

8-6-2021-01.png

ဘွဲ့တစ်ခုရရင် ဘယ်သူမဆို ပျော်ရွှင်ရပြီး ဂုဏ်ပြုခြင်းလည်းခံရပါတယ်။ ဘွဲ့ရဖို့ နှစ်တွေအကြာကြီးစောင့်ဆိုင်းပြီးမှ ရတဲ့သူဆိုရင် ပိုပြီးတော့ ဂုဏ်ပြုပေးရမှာပါ။ လူတစ်ယောက်ကတော့ သူ့ရဲ့ဒီပလိုမာဘွဲ့ရဖို့ ဆယ်စုနှစ်များစွာ စောင့်ဆိုင်းခဲ့ရပါတယ်။ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ပတ် မိုရီ (Pat Moore) ဆိုတဲ့ အဘိုးဟာ အသက်အရွယ်ဆိုတာ ဘွဲ့ယူဖို့အတွက် ကိန်းဂဏန်းတစ်ခုသာဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

သူဟာ ၁၉၄၅ခုနှစ်မှာ အထက်တန်းဘွဲ့ရမယ်လို့ ထင်ခဲ့ပေမဲ့ အဲနှစ်မှာ မရခဲ့ပါဘူး။ ၁၉၄၆ခုနှစ်မှာ ရောက်ပြန်တော့လည်း အဲဒီနှစ်မှာလည်း မရခဲ့ပြန်ပါဘူး။ အဲဒီလိုနဲ့ ၂၀၂၁ခုနှစ်မှာပဲ အထက်တန်းဒီပလိုမာဘွဲ့ကို ရခဲ့ပါတော့တယ်။ အဘိုး ပတ်မိုရီက အင်္ဂလိပ်စာပေဘာသာရပ်မအောင်မြင်ခဲ့သလို စာဖတ်ရတာကိုလည်း မုန်းတယ်လို့ ပြောပါတယ်။

၁၉၄၅ခုနှစ်မှာ အထက်တန်းမအောင်မြင်ခဲ့ဘဲ လာမယ့်နှစ်မှာ အထက်တန်းပြန်တက်ခဲ့ရပါတယ်။ ဒါပေမဲ့ အဘိုးပတ်က အဲနှစ်မှာ ဘွဲ့မရခင် လအနည်းငယ်မှာ အမေရိကန်လေတပ်ထဲ ဝင်ပြီး စစ်မှုထမ်းခဲ့ရပါတယ်။ (၄) နှစ်နီးပါး စစ်မှုထမ်းပြီးတဲ့နောက်မှာ မိသားစုတစ်ခုထူထောင်ခဲ့ပါတယ်။ ဖခင်တစ်ယောက်ဖြစ်ရတာနဲ့ လေယာဉ်မှူးဖြစ်ရတာက ကျောင်းတက်ဖို့ အချိန်နည်းသွားစေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အဘိုးပတ်မိုရီက အခုနှစ်အစောပိုင်းမှာ ဒီပလိုမာဘွဲ့ကို လက်ခံရရှိသွားခဲ့ပါပြီ။ ဘယ်အရာက သူ့ကို စာလေ့လာပြီး ဘွဲ့ရအောင် ကြိုးစားစေခဲ့တာလဲ။ “ဒီကလေးလေးကြောင့်” ပါလို့ အခုနှစ်မှာပဲ အထက်တန်းကျောင်းကနေ ဘွဲ့ရခဲ့တဲ့ သူ့ရဲ့မြစ်ကလေးကို အဘိုးပတ်က ပြပြီး ပြောခဲ့ပါတယ်။

အဘိုးပတ်ရဲ့မြစ်ကလေး ဘရာဆာ (Bryssa) က အခုနှစ် Alvin High School ကနေ ဘွဲ့ရခဲ့တဲ့ ကျောင်းသူ/သား ၆၉၇ ဉီးထဲက တစ်ယောက်ဉီးပါပဲ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက အဘိုးပတ် ဘွဲ့ရမယ်လို့ ထင်ခဲ့တဲ့ အထက်တန်းကျောင်းပါပဲ။

Ref: CBSNews “He was supposed to graduate in 1945. Then 1946. This veteran is receiving his diploma in 2021”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top