မက္ကဆီကိုကလပ်ရဲ့ ကစားသမား ၈ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

21-5-2020-yyl-009.jpg

မက္ကဆီကိုကလပ် ဆန်းတို့စ်လာဂူနာအသင်း ကစားသမား ၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေရှိခဲ့ပါတယ်။ မက္ကဆီကိုအမှတ်ပေးဘောလုံးပြိုင်ပွဲ(Liga MX)ကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အချိန် ပြန်စမလဲလို့ ဆုံးဖြတ်နိုင်ဖို့ နီးစပ်နေချိန်မှာ အခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။ ရောဂါပိုးရှိနေတဲ့ ကစားသမားတွေရဲ့အမည်ကို ထုတ်ပြန်ခြင်းမရှိပေမဲ့ သူတို့အားလုံး ကျန်းကျန်းမာမာ ရှိတယ်လို့ ဆိုပါတယ်။

Liga MX ပြိုင်ပွဲမှာ ဇန်နဝါရီလကနေ မေလအထိ ကစားတဲ့ ကလော်ဆူရာပြိုင်ပွဲ၊ ဇူလိုင်လကနေ ဒီဇင်ဘာလအထိ ကစားတဲ့ အပါတူရာပြိုင်ပွဲဆိုပြီး ပြိုင်ပွဲနှစ်ခု ကျင်းပလေ့ရှိတဲ့အနက် ကလော်ဆူရာပြိုင်ပွဲမှာ ပွဲစဉ် ၁၀ ပွဲပဲ ကစားရသေးတဲ့ မတ်လ ၁၅ ရက်ကတည်းက Liga MX ပြိုင်ပွဲကို ဆိုင်းငံ့ခဲ့တာပါ။ မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၅၀၀၀ နီးပါးရှိနေပြီး လူ ၅၆၆၆ ယောက် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top