ထိုင်းသင်္ကြန် အားလပ်ရက်အနေနဲ့ တရားဝင် အစားထိုးရက်ကို ဇူလိုင် ၂၇ ရက်နေ့အဖြစ် ထိုင်းအစိုးရက ကြေညာ

1-7-2020-yyl-022.jpg

မြန်မာနိုင်ငံလိုပဲ ထိုင်းနိုင်ငံမှာ ဧပြီလတိုင်း ဆောင်ခရမ် လို့အမည်ရတဲ့ ထိုင်းနှစ်သစ်ကူး ရေကစားပွဲတော်အတွက် အားလပ်ရက်ရှိပါတယ်။ ဆောင်ခရမ် အားလပ်ရက်အချိန်အခါမှာ ထိုင်းလူမျိုးတွေက မနက်ခင်းပိုင်းမှာ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပါယ်ကြတဲ့အပြင် ရေကစားပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း ကျင်းပကြပါတယ်။ အခုနှစ်မှာတော့ COVID-19 ကြောင့် ဆောင်ခရမ်အားလပ်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ လက်ရှိ ထိုင်းနိုင်ငံက အခြေအနေကောင်းနေပြီး Lockdown အဆင့် (၅) အဖြစ်သို့ ပြောင်းလိုက်တဲ့အပြင် (၃၆) ရက်ကျော်တဲ့အထိ ပြည်တွင်းကူးစက်ခံရသူအရေအတွက်တစ်ယောက်မှမရှိတဲ့အတွက် ထိုင်းအစိုးရက ဆောင်ခရမ်အတွက် အစားထိုးရက်အနေနဲ့ ၂၀၂ဝပြည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့ကို တရားဝင်သတ်မှတ်ပေးလိုက်ပါပြီ။

ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ နာယူမွန် ပင်ရိုစင်ဝတ်ဟာ အစိုးရအဖွဲ့က ဆောင်ခရမ်အတွက် အစားထိုးရက်အနေနဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကို သတ်မှတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ထိုင်းလူမျိုးတွေအတွက် နောက်ထပ်သတင်းကောင်းကတော့ ဇူလိုင် ၂၅၊ ၂၆ ရက်တွေက နားရက်ဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့က ထိုင်းဘုရင်မွေးနေ့ဖြစ်တာကြောင့် အစားထိုးရက်အပါအဝင် ဇူလိုင် ၂၅ ရက်နေ့ကနေ ဇူလိုင် ၂၈ ရက်နေ့အထိ အလိုအလျောက် ပိတ်ရက်ရှည်ဖြစ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ အစားထိုးရက်ပြီးသွားရင် Asanha Bucha Day နဲ့ Lent Day အတွက် ပိတ်ရက်က ဇူလိုင် ၄ ရက်ကနေ ဇူလိုင်လ ၇ ရက်နေ့အထိဖြစ်တဲ့အတွက် ထိုင်းလူမျိုးတွေက ပိတ်ရက်ရှည်ကြီးရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောင်ခရမ်အားလပ်ရက်အတွင်း ပုံမှန်ကျင်းပနေကျ ရေကစားပွဲတွေ၊ စီတန်းလမ်းလျှောက်တာနဲ့ အခြားပျော်ပွဲရွှင်ပွဲတွေကိုတော့ ထုတ်ပြောထားခြင်းမရှိဘူးလို့ သိရပါတယ်။

Ref: 27 July 2020 To Be Official Subsitute Date For Songkran Holiday In Thailand, 2 Long Weekends In July

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top