Mask တပ်ဖို့ ငြင်းဆန်နေတဲ့သူတွေကို “ရှက်တတ်ရင် လဲသေဖို့ ကောင်းတယ်”ဆိုတဲ့ တွမ်ဟန့်ခ်စ်

1-7-2020-yyl-017.jpg

ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အရေအတွက် အများဆုံးဖြစ်ပါတယ်။ လက်ရှိမှာလည်း အမေရိကန်နိုင်ငံက ဗိုင်းရပ်စ်ကူးစက်ခံရသူ ရှိနေဆဲပါပဲ။ ကပ်ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးကလူတွေကို Mask ဝတ်ဖို့ ပြောနေကြရပါတယ်။ ဒါပေမဲ့ တချို့လူတွေက အကြောင်းပြချက်မျိုးစုံနဲ့ Mask ဝတ်ဖို့ ငြင်းဆန်နေကြပါတယ်။ Mask မဝတ်ချင်တဲ့သူတွေဟာ Mask က အောက်စီဂျင်ပမာဏကိုလျော့ချပြီး ဝတ်ရတာသက်တောင့်သက်သာမရှိဘူး။ Mask ဝတ်ဖို့က အဲလောက်ကြီးလဲမလိုဘူးလို့ ပြစ်တင်ပြောဆိုနေကြပါတယ်။

အမေရိကန်လူမျိုးတွေ Mask ဝတ်ဖို့လိုကြောင်းကို ကိုရိုနာဗိုင်းရပ်စ်ခံစားခဲ့ဖူးတဲ့ သူတစ်ယောက်က ပြောဆိုလိုက်ပါတယ်။ သူကတော့ ဇာတ်ကားရိုက်ကူးဖို့ သြစတြေးလျကို ရောက်နေချိန် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ မင်းသားကြီးတွမ်ဟန့်ခ်စ်ပါပဲ။ အမေရိကန်မှာ ကူးစက်ခံရသူအရေအတွက် ဆက်လက်များနေတာတောင် Mask ဝတ်ဖို့ ငြင်းဆန်နေတဲ့သူတွေကို တွမ်ဟန့်ခ်စ်က ဒေါသတကြီးပြောဆိုခဲ့ပါတယ်။ တွမ်ဟန့်ခ်စ်က ပရောဂျက်အသစ်အတွက် သတင်းစာရှင်းလင်းပွဲမှာ ပွဲလာပရိသတ်တစ်ယောက်ကို “မနက်ဖြန်ရောက်ဖို့အတွက် ကျွန်တော်တို့လုပ်နိုင်တဲ့ အရာ (၃) ခုပဲရှိပါတယ်။

Mask ဝတ်တာ၊ Social Distancing နေတာ၊ လက်ဆေးတာတွေပါပဲ။ ဒီအရာတွေက အရမ်းရိုးရှင်းတယ်။ လွယ်ကူတယ်။ ဒီအခြေခံအရာ (၃) ခုကို အလေ့အကျင့်မလုပ်နိုင်ဘူးဆိုရင် ရှက်တတ်ရင်လဲသေဖို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဒါတွေကို လုပ်လိုက်ပါ။ ဒါက အခြေခံပါပဲ။ ကားမောင်းရင် အရမ်းမမြန်နဲ့၊ ကားကွေ့မယ်ဆို အချက်ပြ၊ လမ်းသွားလမ်းလာတွေကို မတိုက်မိစေနဲ့။ ဒီအချက်တွေကလည်း ကားမောင်းတဲ့သူတွေအလေ့အကျင့်ဖြစ်နေရမယ့်အရာတွေပါပဲ။ အဲဒီလိုပဲ ဗိုင်းရပ်စ်အန္တရာယ်ကနေ ရှောင်ဖို့ိဆိုရင် ဒီအခြေခံ (၃) ချက်ကို လိုက်နာရမှာပါပဲ”လို့ ပြောပါတယ်။

တွမ်ဟန့်ခ်စ်ကိုယ်တိုင်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကနေ နလန်ပြန်ထနိုင်ခဲ့တဲ့သူပါပဲ။ ဒါကြောင့်ပဲ ဘယ်သူကိုမှ ကိုရိုနာဗိုင်းရပ်စ်မကူးစက်ခံရဖို့နဲ့ ဘေးကင်းစွာနေနိုင်ဖို့ မျှော်လင့်နေတာပါ။ “ကျွန်တော်တို့ ရောဂါလက္ခဏာရပ်တွေကို (၁၀) ရက်လောက်ခံစားခဲ့တာပါ။ အသက်အန္တရာယ်မဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပြောရတာ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရဲ့အပူချိန်က မြင့်လာရင်၊ တစ်ခုခုများဖြစ်သွားရင် ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်နိုင်ဖို့ ကျွန်တော်တို့ သီးခြားနေထိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ COVID-19 ကနေ ပြန်ကောင်းမွန်လာတာ လူတိုင်းအသိပါပဲ။ အခြားသူတွေကူးစက်ခံရမှာဆိုးတဲ့အတွက် ကျွန်တော်တို့ သီးခြားနေထိုင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးလုပ်ဆောင်နေကြတဲ့ သီးခြားနေထိုင်တာ၊ Social Distancing လုပ်ရလည်း ကျွန်တော်တို့ အဆင်ပြေပါတယ်”လို့ တွမ်ဟန့်ခ်စ်က ဆက်လက်ပြောခဲ့ပါတယ်။

Ref: Tom Hanks Lashes Out At Americans Who Are Refusing To Wear A Face Mask

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top