နာမည်ကျော် လက်ပစ်မြား ကစားသမားက Amazon မှာ ပါဆယ်ပို့သူအဖြစ် အလုပ်လုပ်နေ

1-7-2020-yyl-025.jpg

နာမည်ကျော် လက်ပစ်မြား ကစားသမား မာဗန်ကင်းဟာ နေ့တွက်ခ ပေါင် ၁၂၀ ယူပြီး Amazon ကုမ္ပဏီမှာ ပါဆယ်ပို့သူအဖြစ် အလုပ်လုပ်နေပါတယ်။ ကမ္ဘာ့အဆင့် ၂၂ ရှိတဲ့ လက်ပစ်မြား ကစားသမား မာဗန်ကင်းဟာ ကစားသမားဘဝမှာ ပေါင် ၁.၇ သန်း ရရှိခဲ့သူပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲတွေ ဖျက်သိမ်းလိုက်ချိန်မှာ ပါဆယ်ပို့သူအဖြစ် အလုပ်ဝင်လုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ တစ်နေ့ကို ပါဆယ်ထုပ် ၁၈၀ လောက် ပို့ရပါတယ်။ သူ ပို့ရတဲ့ပစ္စည်းတွေထဲမှာ သူ့ကိုယ်ပိုင်တံဆိပ် လက်ပစ်မြားပစ္စည်းတွေလည်း ပါဝင်ပါတယ်။

အသက် ၅၄ နှစ်ရှိတဲ့ မာဗန်ကင်းဟာ နေ့တိုင်း နံနက် ၈ နာရီ ၅၀ မှာ အလုပ်ဝင်ရပြီး ညနေ ၅ နာရီမှာ အလုပ်သိမ်းပါတယ်။ သူဟာ ၂၀၀၄ ခုနှစ်က BDO World Masters ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး 2009 Premier League၊ 2010 Players Championship Finals၊ 2012 World Grand Prix နဲ့ 2014 Masters ပြိုင်ပွဲတွေမှာ ဒုတိယဆုရခဲ့သူပါ။ လာမယ့်တစ်ပတ်ကျရင်တော့ PDC Summer Series ပြိုင်ပွဲကို ကွင်းပိတ်စနစ်နဲ့ ပြန်လည်ကျင်းပဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top