နောက်ဆုံးအဆင့် ကင်ဆာရောဂါ ခံစားနေရတဲ့ချစ်သူကို ဆေးရုံပေါ်မှာ လက်ထပ်ခွင့်တောင်းခဲ့

cancel-patient-wedding.gif

နောက်ဆုံးအဆင့် ရင်သားကင်ဆာရောဂါ ခံစားနေရတဲ့ ချစ်သူကို ဆေးရုံမှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဖြစ်ရပ်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဝူဟန်မြို့မှာ လေအေးပေးစက်ပြင်တဲ့ ပေါင်ရှင်းဟာ လွန်ခဲ့တဲ့ရှစ်နှစ်က သူ့ချစ်သူ ယန်လျူနဲ့ စတင်တွေ့ဆုံခဲ့ပြီး ချစ်ကြိုက်ခဲ့ကြတာပါ။

ယန်လျူနဲ့ ချစ်သူဖြစ်ခဲ့တဲ့အချိန်မှာ ပေါင်ရှင်းဟာ တစ်လဝင်ငွေ ယွမ် ၁၅၀၀ လောက်သာရခဲ့ပြီး ယန်လျူရဲ့အဘွားက သူတို့နှစ်ယောက်ကို သဘောမတူခဲ့ပါဘူး။ ယန်လျူဟာ မိခင်နှစ်ပါး အိမ်ထောင်ကွဲခဲ့ပြီးနောက် အဘွားဖြစ်သူနဲ့ နေရသူပါ။ ၂၀၁၀ ခုနှစ်မှာတော့ ယန်လျူရဲ့အဖေနဲ့ အဘွား ကွယ်လွန်ခဲ့ကြပြီး ယန်လျူရဲ့ မိခင်ကလည်း ကုသမရနိုင်တော့တဲ့ ရင်သားကင်ဆာ ရောဂါခံစားခဲ့ရပါတယ်။

ဒီအချိန်မှာ ခိုကိုးရာမဲ့နေတဲ့ ယန်လျူဟာ ပေါင်ရှင်းငှားနေတဲ့ တိုက်ခန်းမှာ ပေါင်ရှင်းနဲ့အတူ နေခဲ့ပြီး ပေါင်ရှင်းက အိမ်ဝယ်နိုင်လောက်တဲ့ ငွေစုမိရင် ယန်လျူကို လက်ထပ်ခွင့်တောင်းမယ်လို့ စိတ်ကူးထားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လမှာတော့ ယန်လျူမှာ ရင်သားကင်ဆာရောဂါရှိနေတာ တွေ့ရှိခဲ့ပြီး ဆရာဝန်တွေက သူ့ရောဂါက ကုသဖို့ အချိန်နှောင်းသွားပြီလို့ ပြောခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ပေါင်ရှင်းဟာ အလုပ်က ထွက်လိုက်ပြီး ယန်လျူကို နေ့ညမပြတ် စောင့်ရှောက်ခဲ့ပါတယ်။ တစ်လကြာအောင် ကုသခဲ့ပြီးနောက်မှာတော့ ယန်လျူရဲ့ ကျန်းမာရေး အခြေအနေ တည်ငြိမ်လာခဲ့ပြီး ပေါင်ရှင်းက ယန်လျူကို လက်ထပ်ခွင့်တောင်းဖို့ ဆရာဝန်ကို တိုင်ပင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အဖြစ်ကို သိသွားခဲ့တဲ့ ဆေးရုံဝန်ထမ်းတွေက ယန်လျူကို ပေါင်ရှင်း လက်ထပ်ခွင့် တောင်းမယ့်ကိစ္စအတွက် ဝိုင်းဝန်းပြင်ဆင်ပေးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် မင်္ဂလာစရိတ်အချို့ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top