ကမ္ဘာ့ပထမဆုံး ဆိုလာကားကို စတင်ထုတ်လုပ်

9-12-2022-yyl04.jpg

ကမ္ဘာ့ပထမဆုံး ဆိုလာကားကို စတင်ထုတ်လုပ်နေပါပြီ။ နယ်သာလန်ကုမ္ပဏီ Lightyear က Lightyear 0 လို့ အမည်ပေးထားတဲ့ ဆိုလာကားကို စတင်ထုတ်လုပ်ခဲ့တာပါ။ ကားကိုယ်ထည်မှာ ဆိုလာပြား ၅ ပြား တပ်ဆင်ထားပြီး ဆိုလာပြားတွေရဲ့ ဧရိယာက ၅၃ စတုရန်းပေ ရှိပါတယ်။ နေရောင်ခြည်ရှိတဲ့ နေရာရောက်ရင် မောင်းနေသည်ဖြစ်စေ၊ ရပ်ထားသည်ဖြစ်စေ အားသွင်းနေနိုင်မှာပါ။

ဆိုလာစွမ်းအင် တစ်ရက်သွင်းထားရင် မိုင် ၄၀ အထိ မောင်းနှင်နိုင်လို့ နေရောင်ခြည်ရနေရင် လနဲ့ချီ လျှပ်စစ်အားမသွင်းဘဲ မောင်းနှင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ အိမ်သုံး ပလပ်ပေါက်မှာပဲ တစ်ညအားသွင်းရင် ၁၈၆ မိုင်နအထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဖင်လန်နိုင်ငံမှာရှိတဲ့ Valmet Automotive ကားစက်ရုံမှာ Lightyear 0 ကားတွေကို ထုတ်လုပ်နေပြီး တစ်ပတ်ကို ကားတစ်စီးနှုန်း ထုတ်လုပ်နိုင်ဖို့ လျာထားပါတယ်။ Lightyear 0 ကားတစ်စီးရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၅၀၀၀ ရှိပြီး ၂၀၂၃ ခုနှစ် ပထမ သုံးလပတ်မှာတော့ ကားထုတ်လုပ်မှု အရေအတွက်ကို တိုးမြှင့်ဖို့ စီစဉ်နေပါတယ်။

Lightyear ကုမ္ပဏီဟာ ဆိုလာစွမ်းအင်ကနေ အားတော်တော်များများ သွင်းနိုင်တဲ့ လျှပ်စစ်ကား ထုတ်လုပ်နိုင်သော ပထမဆုံးကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref:World’s First Solar Car Goes into Production – a 4 Passenger EV That Can Run on the Sun

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top