ရေနွေးပူပူမှာစိမ်တာက မိနစ်သုံးဆယ် လမ်းလျှောက်တာလောက် ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်

health_001.jpg

၄၀ ဒီဂရီဆဲလ်စီးယပ်ရှိတဲ့ ရေမှာ တစ်နာရီလောက် စိမ်တဲ့သူတွေဟာ ၁၃၀ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပြီး ဒီပမာဏဟာ မိနစ် ၃၀ လမ်းလျှောက်တာနီးပါးနဲ့ ညီမျှပါတယ်။ ရေနွေးထဲမှာ စိမ်ပြီး အပန်းဖြေတာက အကျိုးရှိပြီး ကျန်းမာစေတာကို သုတေသနပြုသူတွေက ရှာတွေ့ခဲ့ပါတယ်။

သုတေသနပြုသူတွေက အမျိုးသား ၁၄ ယောက်ကို တစ်နာရီ စက်ဘီးစီးစေပြီး ၄၀ ဒီဂရီဆဲလ်စီးယပ်နီးပါးရှိတဲ့ ရေထဲမှာ တစ်နာရီခန့် ရေစိမ်စေပါတယ်။ တစ်နာရီစက်ဘီးစီးတာက ကယ်လိုရီများစွာကို လောင်ကျွမ်းစေတဲ့ အချိန်မှာ ရေစိမ်အနားယူတာဟာ ခန္ဓာကိုယ် အပူချိန်တက်လာတဲ့အတွက် ၁၃၀ ကယ်လိုရီ ပိုပြီးလောင်ကျွမ်းနိုင်ပါတယ်။ ဒီစမ်းသပ်ချက်ရဲ့ပန်းတိုင်က တစ်နာရီကို တစ်ဒီဂရီဆဲလ်စီးယပ် ခန္ဓာကိုယ်အပူချိန်တက်စေဖို့ ဖြစ်ပါတယ်။

လူခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု အပိုင်းဖြစ်တဲ့ သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှုအပေါ် ရေနွေးစိမ်တာရဲ့ အကျိုးကျေးဇူး သက်ရောက်ပါတယ်။ ဒါကြောင့် သုတေသနပြုသူတွေဟာ စမ်းသပ်ချက်ပြီးတဲ့နောက် ၂၄ နာရီအတွင်း ပါဝင်သူတွေရဲ့ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုအဆင့်ကို လေ့လာခဲ့ကြပါတယ်။

သူတို့ ရှာတွေ့တာကတော့ သွေးတွင်းသကြားဓာတ် တုံ့ပြန်မှုတစ်ခုလုံးက စက်ဘီးစီးသူနဲ့ စက်ဘီးစီးပြီးမှ ရေနွေးချိုးသူကြားမှာ အလွန်အမင်း တူညီပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ပြီး တစ်နာရီလောက်မှာ ရေနွေးချိုးတဲ့အခါ သွေးတွင်းသကြားဓာတ်ဟာ ၁၀ ရာခိုင်နှုန်းခန့် ပိုနည်းသွားပါတယ်။

လေ့လာမှုအတွင်း သုတေသနပြုသူတွေက အပူကြောင့် လောင်ကျွမ်းတဲ့ ပရိုတိန်း (HSPs) ဆိုတာ သွေးတွင်းသကြားဓာတ် လှည့်ပတ်မှုအတွက် အကြောင်းပြချက်ဖြစ်ပါတယ် လို့ မှတ်ချက်ချပါတယ်။ ဒီပရိုတိန်း အမျိုးအစားကို ဆီးချို အဆင့် ၂ ရှိတဲ့လူတွေ၊ လေ့ကျင့်ခန်းအနည်းငယ်သာ လုပ်တဲ့သူနဲ့ မလှုပ်မယှက်နေတဲ့သူတွေမှာ အနည်းငယ်သာ ရှာတွေ့နိုင်ပါတယ်။ ဒီပရိုတိန်းရဲ့ လုပ်ဆောင်ချက်က လူတစ်ယောက်ရဲ့ သွေးတွင်းသကြားဓာတ်အဆင့် ထိန်းချုပ်တာကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။

 

Ref: https://www.providr.com

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top