ပြင်သစ်မြို့တော်ဝန် ၉ ယောက်ကို နာမကျန်းဖြစ်ခွင့်ပိတ်ပင်တယ်လို့ အမိန့်ဒီကရီ ထုတ်ပြန်

yyl-031-10.jpg

ဒေသခံဆရာဝန် ရှားပါးမှုကို မီးမောင်းထိုးပြတဲ့အနေနဲ့ ပြင်သစ်မြို့တော်ဝန်ကိုးယောက်က နာမကျန်းဖြစ်ခွင့် ပိတ်ပင်တယ်ဆိုတဲ့ အမိန့်ဒီကရီကို ထုတ်ပြန်ခဲ့ပါတယ်။ ပါရီမြို့အနောက်ပိုင်း ဆာသီဒေသရဲ့ မြို့တော်ဝန်တွေ လက်မှတ်ရေးထိုးထားတဲ့ အမိန့်ဒီကရီမှာ မတော်တဆဖြစ်တာ ဒါမှမဟုတ် နာမကျန်းဖြစ်လို့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာတွေကို ခွင့်မပြုဘူးလို့ ရေးသားထားပါတယ်။ ဆာသီဒေသမှာ ကျန်းမာရေး ဝန်ဆောင်မှုရဖို့ ခက်ခဲနေတာနဲ့ပတ်သက်ပြီး အစိုးရကို သတိပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ထုတ်ပြန်ခဲ့တာလို့ မြို့တော်ဝန်တွေက ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်း နည်းပါးတာ၊ ခုတင်တွေ ရှားပါးတာ၊ ဆေးရုံတွေ ပိတ်ပစ်တာ စတဲ့ အချက်တွေကြောင့် ကျန်းမာရေး ဝန်ဆောင်မှုရဖို့ ခက်ခဲနေတာလို့ ဆိုပါတယ်။

ဆာသီဒေသမှာ နေထိုင်သူ ၅၆၀၀၀၀ ရှိတဲ့အနက် လူ ၇၀၀၀၀ ဟာ ကျန်းမာရေးဆိုင်ရာ ပြသနိုင်မယ့် ဆရာဝန်တစ်ယောက်မျှ မရှိတဲ့ အခြေအနေ ရင်ဆိုင်နေရပါတယ်။ ဒါဟာ ဒေသဆိုင်ရာအဆင့်မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ကြီးထွားနေတဲ့ ပြဿနာပါ။ ပြီးခဲ့တဲ့နှစ်က စစ်တမ်းကောက်ယူမှုအရ ပြင်သစ်နိုင်ငံသား ၁၀ ဦးမှာ လေးဦးဟာ ဆရာဝန်ပြဖို့ အချိန်စောင့်ရတဲ့အတွက် ကုသမှုခံယူဖို့ ဖျက်သိမ်းတာမျိုး လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဆာသီဒေသရဲ့ မြို့တော်ဝန် ၉ ယောက် ထုတ်ပြန်လိုက်တဲ့ အမိန့်ဒီကရီဟာ ဥပဒေအရတော့ အကျုံးဝင်ခြင်းမရှိပါဘူး။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top