လည်ချောင်းကင်ဆာ ရှေ့ပြေး လက္ခဏာများနှင့် ကာကွယ်နည်း

doctor-and-patient-PXKF3TM.jpg

နှာခေါင်းနောက်ဘက်ကနေစပြီး လည်ပင်းမှာ အဆုံးသတ်တဲ့ အခေါင်းပေါက်ပြွန်ကို လည်ချောင်းလို့ ခေါ်ပါတယ်။ ကင်ဆာ ရောဂါ တစ်ဝက်လောက်က လည်ချောင်းမှာ ဖြစ်တာပါ။ အသံအိုး နှင့် အာသီးရဲ့ ဘေးတစ်ဖက်တစ်ချက်စီက အာခေါင်မှာလည်း ကင်ဆာ ဖြစ်နိုင်ပါတယ်။

ဒီလိုကင်ဆာမျိုးကိုတော့ laryngeal cancer လို့ခေါ်ပါတယ်။ ဝ.၃ ရာခိုင်နှုန်းသောလူတွေမှာ ဒီကင်ဆာမျိုး ဖြစ်ပွားနိုင်ပါတယ်။ အမေရိကန် မင်းသား Michael Douglas ဟာဆိုရင် ၂၀၁၀ ခုနှစ်မှာ လည်ချောင်းကင်ဆာ စတင်ခံစားခဲ့ရပြီး ကင်ဆာကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံး ၈ ပတ်ကြာ ကုသမှု ခံယူခဲ့ရပါတယ်။ ကိုရီးယားမင်းသား ကင်ဝူဘင်ဟာဆိုရင်လည်း ကင်ဆာကုထုံး အဆင့်ဆင့် ခံယူနေတာတောင်မှာ အရှင်း မပျောက်ကင်းသေးပါဘူး။ လည်ချောင်းကင်ဆာက ပျံ့တာ မြန်ပါတယ်။ ဒါကြောင့် အချိန်မီ သိရှိပြီး ကုသနိုင်ဖို့ အရေးကြီးပါတယ်။ စောစီးစွာသိပြီး ကုသမယ်ဆို ပျောက်ကင်းနိုင်ချေများပါတယ်။

လည်ချောင်းကင်ဆာရောဂါ လက္ခဏာတွေကတော့

• အစာမြိုရခက်ခြင်း

• အသံပြောင်းသွားခြင်း (အသံ အက်ခြင်း၊ အသံပြာခြင်း)

• အချိန်ကြာ မပျောက်ကင်းသော ချောင်းဆိုးခြင်း/လည်ချောင်းနာခြင်း

• ခေါင်းကိုက်ခြင်း

• အကြောင်းရင်းမရှိ ကိုယ်အလေးချိန်ကျသွားခြင်း

• လျှာခင်တွေ ရောင်ခြင်း

• နားနာကျင်ခြင်း တို့ပဲဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေ စတင် ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ မြန်မြန်သွားရောက် တိုင်ပင်ဆွေးနွေးပါ။

လည်ချောင်းကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေက

• ဆေးရွက်ကြီး သုံးစွဲခြင်း၊ ဆေးလိပ်သောက်ခြင်း

• အရက် အလွန်အကျွံသောက်ခြင်း

• HPV (human papillomavirus) ပိုးကြောင့်ဖြစ်ခြင်း

• အမျိုးသားများက အမျိုးသမီးများထက် ဖြစ်ပွားနိုင်ချေ ၅ ဆပိုများပါတယ်။

• လည်ချောင်းကင်ဆာက များသောအားဖြင့် အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။

• ဓာတုဗေဒပစ္စည်းတွေ ထိတွေ့ ကိုင်တွယ်နေရသူတွေ မှာ ဖြစ်ပွားနိုင်ချေ များပါတယ်။

လည်ချောင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ??

၁။ ဆေးလိပ်မသောက်ပါနှင့်။

၂။ အရက် အလွန်အကျွံ မသောက်သုံးပါနှင့်။

၃။ ကျန်းမာစေသော အစားအစာ စားသုံးပေးပါ။

လည်ချောင်းကင်ဆာက ဆိုးရွားတဲ့ ရောဂါတစ်ခု ဆိုပေမဲ့ စောစီးစွာ သိရှိပြီး ကုသမှုခံယူမယ်ဆို ကင်ဆာ မပျံ့သွားအောင် ဆောင်ရွက်လို့ရပါကြောင်း ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်…။

Ref: Fabiosa: 8 Warning Signs And Symptoms Of Throat Cancer And How To Prevent It

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top