ပြိုကျခဲ့တဲ့ ၇ ထပ်တိုက် အပျက်အစီးတွေကြားထဲကနေ ကလေးနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့

96457728_dck78bfxyae8jw_.jpg

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ ၇ ထပ်တိုက်တစ်လုံး ပြိုကျခဲ့ပြီး၂၄ နာရီမပြည့်မီ အချိန်အတွင်း အပျက်အစီးတွေကြားထဲကနေ ကလေးငယ်နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ညက နိုင်ရိုဘီမြို့ အရှေ့ပိုင်းက Kware Pipeline Ebakasi ဒေသမှာ အဆောက်အအုံပြိုကျခဲ့တာပါ။

အခုကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်နှစ်ဦးဟာ ယောက်ျားလေးတစ်ဦး၊ မိန်းကလေးတစ်ဦးဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

အစောပိုင်းမှာ အပျက်အစီးတွေကြားထဲကနေ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီဖြစ်ရပ်မှာ လူ ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပေမယ့် အခုအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။

Ref: BBC news

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top