ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ဟောင်ကောင်မှာ အခြေအနေပြန်တည်ငြိမ်

64297973_2427728680591371_570276991534628864_n.jpg

ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးအပ်မယ့် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင်မြို့မှာ ပုံမှန်အခြေအနေ ပြန်ဖြစ်သွားလို့ ဘဏ်တွေကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဟောင်ကောင်အစိုးရက ဥပဒေကြမ်းနဲ့ပတ်သက်ပြီး နောက်ကြောင်းပြန်လှည့်မယ့်ပုံစံမရှိလို့ လာမယ့်အားလပ်ရက်မှာ ဆန္ဒပြပွဲတွေ ထပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ လာမယ့်တနင်္ဂနွေနေ့ကျရင် လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ ဆန္ဒပြပွဲ ကျင်းပသူတွေက တိုက်တွန်းထားပါတယ်။

အဲဒီဥပဒေကြမ်းဟာ ဟောင်ကောင်မြို့ရဲ့ လွတ်လပ်ခွင့်နဲ့ ယုံကြည်မှုကို ထိခိုက်စေလိမ့်မယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ အဲဒီဥပဒေကြမ်းဟာ ဟောင်ကောင်မြို့ ဒေသခံတွေ၊ နိုင်ငံခြားသားတွေ၊ ဟောင်ကောင်မြို့ကို လာလည်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ သက်ဆိုင်မှာဖြစ်ပါတယ်။ ဒါဟာ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်ရာရောက်နေပြီး ဟောင်ကောင်မြို့က နိုင်ငံတကာဘဏ္ဍာရေးအချက်အချာနေရာဆိုတဲ့ ဂုဏ်ပုဒ်ကို ထိခိုက်စေဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေမှာ လူတစ်သန်းကျော် ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

သူတို့ရဲ့ပြောစကားသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒါဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း ဟောင်ကောင်မြို့ရဲ့ အကြီးမားဆုံး ဆန္ဒပြပွဲအဖြစ် သတ်မှတ်ရမှာပါ။ ဆန္ဒပြသူတွေက အစိုးရရုံးဌာန ဘေးပတ်လည်က အဓိကလမ်းမတွေကို ပိတ်ဆို့ထားလို့ ဟောင်ကောင်မြို့ရဲ့ အစိုးရရုံးဌာနတွေကို ပိတ်ပစ်ခဲ့ရပါတယ်။ သောကြာနေ့မှာတော့အခြေအနေတွေ ပြန်တည်ငြိမ်သွားလို့ ဟောင်ကောင်မြို့လယ်က ဘဏ်ခွဲတချို့ကို ပြန်ဖွင့်ခဲ့တယ်လို့ Channel News Asia က ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top