အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိ ဆာရာဆန်းဒါးစ် နုတ်ထွက်

64526510_2427728293924743_3769648106564485120_n.jpg

အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိရာထူးကနေ ဆာရာဆန်းဒါးစ် နုတ်ထွက်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆာရာဆန်းဒါးစ်ဟာ ဇွန်လအကုန်မှာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အာကန်းဆက်ပြည်နယ်ကို ပြန်သွားမယ်ဖြစ်ပါတယ်။ အသက် (၃၆) နှစ်ရှိတဲ့ ဆာရာဆန်းဒါးစ်ဟာ အိမ်ဖြူတော်သတင်းပြန်ကြားရေးဆိုင်ရာ ဒုတိယအရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လမှာတော့ ရှောင်စပိုက်ဆာရဲ့နေရာကို အစားထိုးတာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ သူ့ကို စစ်သည်တော်တစ်ဦးလို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်အပေါ် အပြည့်အဝ ကာကွယ်ပေးခဲ့တဲ့ ဆာရာဆန်းဒါးစ်ဟာ သူ့အရင်မှာ အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၁၃ ယောက်နဲ့ နှိုင်းယှဉ်ရင် စာနယ်ဇင်းရှင်းလင်းပွဲလုပ်တဲ့အရေအတွက် နည်းပါးခဲ့ပါတယ်။ ဆာရာဆန်းဒါးစ်ရဲ့ နောက်ဆုံးအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲက မတ်လ ၁၁ ရက်(လွန်ခဲ့တဲ့ ၉၄ ရက်) က လုပ်ခဲ့တာပါ။ မီဒီယာတွေနဲ့ ဆာရာဆန်းဒါးစ်ရဲ့ ဆက်ဆံရေးက မချောမွေ့ခဲ့ပါဘူး။ မီဒီယာတွေက သူ့ကို လိမ်ညာနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဆာရာဆန်းဒါးစ်ကတော့ အိမ်ဖြူတော်ရဲ့ သတင်းပြန်ကြားရေး အရာရှိအဖြစ် ဆောင်ရွက်ရတာ သူ့အတွက် ဘဝတစ်သက်တာ ဂုဏ်ယူစရာလို့ ပြောပါတယ်။ ဆာရာဆန်းဒါးစ်ရဲ့နေရာမှာ ဘယ်သူ့ကို အစားထိုးခန့်အပ်မလဲဆိုတာနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top