အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၉-၁၂-၂၀၁၈ မှ ၁၅-၁၂-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-2-December.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၉-၁၂-၂၀၁၈ မှ ၁၅-၁၂-၂၀၁၈ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။


တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေး လုပ်ငန်းများ အဆင်ပြေမည်။ ပုံမှန်လုပ်ငန်းများ ကောင်းမည်။ ငွေကြေးကိုအဓိကထားကစားသူများ အတော်ကြိုးစားမှ အဆင်ပြေမည်။ ပြည်ပမှပစ္စည်းတင်သွင်းသူများကတော့ အခက်အခဲရှိနေဦးမည်။ စားသောက်ကုန်လုပ်ကိုင်သူများ ရောင်းအားတက်လာမည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများ အဆင်ပြေနေမည်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းနှင့်ဆိုင်သော ရောဂါရှင်များ၊ ဆီးချိုရောဂါများ အထူးသတိထားပါ။ အချစ်ရေးကတော့ ကံကောင်းနေပြီး ချစ်သူလှလှရပါမည်၊ သို့သော်မကြာခဏ စကားများရမည့်ချစ်သူဖြစ်သည်။ အိမ်ထောင်ရှင်များကတော့ ဒီရက်ပိုင်း ရန်မြင်ပါသည်။ ပညာရေးသမားများ အထူးကြိုးစားမှ ကံကောင်းပါမည်။ စက်ပစ္စည်းသမားများလည်း အသင့်အတင့်ကောင်းပါသည်။ မိဘများ၏ ကျန်းမာရေးကို သတိပြုပါ။ ဝန်ထမ်းများ အခြေအနေကောင်းပါသည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၆၊ ၄။ ယတြာ – နွမ်းပါးသူကို အဝတ်အထည်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အသင့်အတင့် အဆင်ပြေလာပြီး ကုညီမည့်သူများ ပေါ်ပေါက်လာမည်။ ဘဏ်ချေးငွေကိစ္စများ အဆင်ပြေမည်။ ငွေကြေးဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများလည်း အဆင်ပြေသွားမည်။ သံ၊သတ္တုလုပ်ငန်းများကတော့ သတိရှိရန်လိုပါသည်။ စားသောက်ကုန်လုပ်ငန်းအကျိုးပေးသည်။ ပြည်ပမှတင်သွင်းသောပစ္စည်းရောင်းဝယ်သူများ ဆက်လက်သတိထားရမည့် အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါခံစားနေရသူများ သတိထားကုသရလိမ့်မည်။ ယာဉ်မတော်တဆ ထိခိုက်ခြင်း ဖြစ်တတ်သည်။ အချစ်ရေးတွင် မိမိထက်ပိုချစ်တတ်သောချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေး အခြေအနေကောင်းပါသည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ အထက်လူကြီးနှင့် သင့်အောင်နေပါ။

အကျိုးပေးဂဏန်း – ၂ ၊ ၇ ၊ ၄။ ယတြာ– နွမ်းပါးသူကို ထမင်းကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းအတော်လေး ပြန်တက်လာပါလိမ့်မည်။ ရေလုပ်ငန်းသမားများ ကံကောင်းသောအချိန်ဖြစ်သည်။ ပြည်ပပို့ကုန်လုပ်ငန်းများ ကံကောင်းလာမည်။ ကား၊ စက်ပစ္စည်းလုပ်ငန်းများ ညံ့ပါသည်။ ယခုအချိန်တွင် မိမိလုပ်ငန်းအတွက် ရှယ်ယာများ ခေါ်ရမည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် အစာအိမ်ရောဂါသတိထားပါ။ အထူးသဖြင့် ယခုအပတ်အတွင်း အမြင့်မှပစ္စည်းပြုကျပြီး ခေါင်းတွင် ထိခိုက်မိတတ်သဖြင့် သတိထားရလိမ့်မည်။ အချစ်ရေးတွင် ချစ်ပါသော်လည်း လက်ထပ်ရန် ခက်လိမ့်မည်။ အိမ်ထောင်ရေးသမားများ အဆင်ပြေပါသည်။ ခရီးဝေးသွားရမည်။ ပညာရေးသမားများ စာပိုကျက်ရမည်။ ပြည်ပခရီးစီစဉ်ထားသူများ ကံကောင်းမည်။ ဝန်ထမ်းများ သတိပြုရန်မှာ မိမိလုပ်သော အလုပ်တွင် မီးလန့်တတ်သည်။

အကျိုးပေးဂဏန်း – ၉ ၊ ၃ ၊ ၄။ ယတြာ – အဘိုးအိုတစ်ယောက်ကို ဆေးလှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးမှာ ညံ့နေလိမ့်မည်။ အထူးသဖြင့် ရှေ့နေလုပ်ငန်း၊ အဆိုတော်စသည့် နှုတ်ဖြင့်လုပ်ရသော လုပ်ငန်းလုပ်သူများ အနည်းငယ် ပိုညံ့သည်။ သတ္တုလုပ်ငန်း၊စက်ပစ္စည်းလုပ်ငန်း လုပ်သူများအလွန်စိတ်ညစ်ရတတ်သည်၊ ကျန်းမာရေးအနေဖြင့် ဆီးချိုရောဂါရှိသူများနှင့် သွေးတိုးသမားများ အထူးသတိထားရမည်။ အချစ်ရေးတွင် အချစ်တုနှင့် တွေ့တတ်သည်။ အထူးသတိထားပါ။ အိမ်ထောင်သည်များလည်း ငွေကြောင့်လာကပ်သည့် မိန်းကလေးတွေ့တတ်ပြီး အိမ်ထောင်ရေးအဆင်မပြေဖြစ်မည်။ ခရီးသွားရတတ်ပြီး ခွဲနေရတတ်သည်။ အထူးသတိပြုသင့်သည်။ ပညာရေးတွင် ကံကောင်းပါလိမ့်မည်။ မြေ၊ယာ စသည့်စက်ပစ္စည်း ဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေးကောင်းနေမည်။ အချစ်ရေးတွင် ကံညံ့ပါသည်။ စီးပွားရေးတွင် ငွေကြေးကစားသောသူများ ကံကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက လူကြီးနှင့် တည့်အောင်နေပါ။

အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ၅။ ယတြာ – စတုဒီသာကျွေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် စီးပွားရေး အခြေအနေမှ ယခင်ကထကပိုကောင်းသော အစုအစပ်လုပ်ငန်းများ အကောင်အထည်ပေါ်လာမည်။ ငွေကြေးလုပ်ငန်းများမှ ငွေပြန်မရဖြစ်တတ်သည်။ ကျန်းမာရေးအနေနှင့် ခွဲစိတ်ထားသူများသတိထားပါ။ ပြန်ချုပ်ရတတ်သည်။ အသည်းရောဂါသည်များ သတိထားကုသပါ။ အချစ်ရေးနှင့်ပတ်သက်ပြီး အလွန်ကောင်းပါသည်။ အိမ်ထောင်သည်များ ကံကောင်းပါသည်။ သားသမီးကိုအကြောင်းပြု ထီထိုးပါ။ ပညာရေးလိုက်နေပါက ရာထူးစာမေးပွဲ အောင်မည်။ အထက်တန်းစာမေးပွဲအတွက်လုပ်နေသူများ ယခုအချိန်စာကို အထူးကြိုးစားပါ။ အိမ်၊ခြံ၊မြေ လုပ်သူများအထူးသတိထားပါ၊ စာရွက်စာတမ်းကို အကြောင်းပြုပြီး တရားရုံးတော်သို့ ရောက်ရတတ်သည်။ ၊ကားလုပ်ငန်းများကောင်းသည်။ ဝန်ထမ်းများ အထူးကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၁ ၊ ၆။ ယတြာ – တတ်နိုင်သလောက် စတုဒီသာ ကျွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေး ကံကောင်းနေမည်။ လောင်စာဆီနှင့် ကုန်သွယ်ရေးလုပ်ငန်းလုပ်သူများ အနည်းငယ်ညံ့နေပြီး မီးသတိပြုရန်လိုပါသည်။ ကျောက်မျက်ရတနာလုပ်သူများကတော့ အနည်းငယ် ပြန်ကောင်းလာပါမည်။ ပြည်ပအဝယ်ကြောင့် အမြတ်အစွန်းများရမည်။ ကျန်းမာရေးအနေနှင့် အရိုးရောဂါရှိသူများ ဆေးမှန်ရန်လိုအပ်သည်။ အချစ်ရေးသမားများ ကံကောင်းလာသော်လည်း ချစ်သူနှင့်လက်ထပ်ရန်ဝေးနေတတ်သည်။ အိမ်ထောင်ရေးသမားများ သံသယနှင့် ပြဿနာတက်နေမည်။ ပညာရေးသမားများ မပျင်းပါနှင့်။ ဝန်ထမ်းများ ကံကောင်းပါသည်။ ဝန်ထမ်းများ မိမိလုပ်ကိုင်ရသော အလုပ်နေရာတွင် အထက်လူကြီးကိုအကြောင်းပြုပြီး ဌာနတွင်း စစ်ဆေးခံရခြင်းဖြစ်တတ်သည်။ အထူးသတိထားပါ။

အကျိုးပေးဂဏန်း – ၆ ၊ ၁ ၊ ၇။ ယတြာ – အသက်ကြီး အဘိုးအိုတစ်ဦးကို စားသောက်ဖွယ်ရာများ ပေးလှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ အထူးအဆင်ပြေမည်။ ဆောက်လုပ်ရေး၊ ရေလုပ်ငန်း၊ ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူများ အထူးသတိထားပါ။ လယ်ယာထွက်ကုန်လုပ်သူများ ကံကောင်းလာပါမည်။ ကျန်းမာရေးအနေဖြင့် မတော်တဆထိခိုက်ခြင်းဖြစ်တတ်သည်။ လုပ်ငန်းကြီးလုပ်ကိုင်သူများ ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စရပ်များမှ ငွေကြေးအမြတ်ရလိမ့်မည်။ အချစ်ရေးတွင် နှစ်ဘက်မိဘတို့ကြောင့် ချစ်သော်လည်း ဝေးနေရတတ်သည်။ စေ့စပ်ကြောင်းလမ်းရာတွင် အထူးသတိထား ပြောဆိုရမည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘတို့ကို အခြေခံသော အိမ်တွင်ရေးကိစ္စများ ဆက်ဖြစ်နေတတ်သဖြင့် ဆင်ခြင်ပါ။ ကား၊ စက် ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ စာမေးပွဲနီးမှ ပြဿနာတက်တတ်သည်။ ဝန်ထမ်းများ ကံကောင်းပြီး လူကြီး၏ မစခြင်း ခံရမည်။

အကျိုးပေးဂဏန်း – ၇ ၊ ၀ ၊၁။ ယတြာ – လေလွင့်ခွေးများကို ဒါနပြုပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top