မာကာရဲ့ အားကစားဂန္ထဝင်ဆု ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒို

67289332_2469933863049851_7374256665941508096_n.jpg

ရီးရဲလ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုကို စပိန်နိုင်ငံအခြေစိုက် မာကာသတင်းဌာနက အားကစားဂန္ထဝင်ဆု ချီးမြှင့်ခဲ့ပါတယ်။

သက်ဆိုင်ရာ အားကစားနယ်ပယ်တွေမှာ သူမတူအောင် ထူးချွန်သူတွေကို ချီးမြှင့်တဲ့ Legend Award ကို ၁၉၉၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့ပြီး ပီလီ၊ မာရာဒိုနာ၊ မက်ဆီ စတဲ့ ဂန္ထဝင်ကစားသမားတွေလည်း ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ ရော်နယ်ဒိုနဲ့အတူ ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးဘောလုံးသမားလို့ သတ်မှတ်ခံခဲ့ရတဲ့ မက်ဆီကတော့ ၂၀၀၉ ခုနှစ်မှာ ဆုရခဲ့တာပါ။

လက်ဝှေ့သမား မိုဟာမက်အလီ၊ ဘတ်စကတ်ဘော ကစားသမား မိုက်ကယ်ဂျော်ဒန်၊ တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်၊ ဂျိုကိုဗစ်၊ အပြေးသမား အူစိန်ဘော့၊ ရေကူးသမား မိုက်ကယ်ဖဲလ်၊ ဖော်မြူလာဝမ်းကားမောင်းသမား မိုက်ကယ်ရှူးမေကာတို့လည်း Legend Award ဆွတ်ခူးခဲ့ဖူးပါတယ်။

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က ရော်နယ်ဒိုကို ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ စံချိန်မှတ်တမ်းတွေကို ချိုးဖျက်နိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား (၅) လုံး၊ ကမ္ဘာ့ကလပ်ချန်ပီယံများဖလား (၄) လုံး၊ ပရီးမီးယားလိဂ်ဖလား (၃) လုံး၊ လာလီဂါဖလား (၂) လုံး၊ စီးရီးအေဖလား (၁) လုံး၊ ယူရိုဖလား (၁) လုံး၊ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဖလား (၁) လုံးနဲ့ Ballon d’Or ဆု (၅) ကြိမ် ဆွတ်ခူးနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top