ရွှေသားအတိဖြင့်ပြုလုပ်ထားသော Grand Royal Special Reserve ပုံစံတူ ရွှေပုလင်း၏ ကံထူးရှင်ထွက်ပေါ်လာ

100-Gold-Bottle.jpg

Grand Royal Special Reserve မှ ၂၀၁၉ ခုနှစ် National Consumer Promotion ၏ အထူးဆုဖြစ်သော ရွှေသားအတိပုလင်းကို ကံထူးရှင်ထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ရန်ကုန်မြို့ Lotte Hotel တွင် ယနေ့ပင်ကျင်းပခဲ့သည်။ အထူးဆု အဖြစ်ပေးအပ်ခဲ့သော ရွှေသားအတိပုလင်းသည် Grand Royal Special Reserve ၏ ၇၀၀ ml ပုလင်း ပုံစံတူဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ပန်းထိမ်လက်ရာများကြောင့် မြန်မာနိုင်ငံတွင် လေးစားအသိအမှတ်ပြုခံရသော အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းမှ ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် National Consumer Promotion ကို Special Reserve က ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလထိ မြန်မာနိုင်ငံတလွှားတွင် ကျင်းပခဲ့ပါသည်။ ရွှေအလေးချိန် ၃၂ ကျပ်သားရှိပြီး ကာလတန်ဖိုး ကျပ်သိန်း ၃၅၀ ခန့်ရှိသော ဤရွှေပုလင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လှည့်လှည်ပြသခဲ့ပြီး ပရိုမိုးရှင်းကာလ တလျှောက်တွင် ဝယ်ယူအားပေးသူများအနေဖြင့် ရွှေပုလင်း၏ ရွှေအလေးချိန်နှင့် တန်ဖိုးကို မှန်ကန်စွာခန့်မှန်း ခြင်းဖြင့် ရွှေဒင်္ဂါးဆုများဆွတ်ခူးနိုင်မည့် “Guess and Win” ဟူသည့် အစီအစဉ်တစ်ရပ်ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သောသူများထဲမှ ရွှေသားဆုကံထူးမည့်သူ ၁၀ ဦးကို ယနေ့ကျင်းပခဲ့သော ရွှေပုလင်းပေးအပ်ပွဲ အခမ်းအနားတွင် မဲနှိုက်ရွေးချယ်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်အတွက် အထူးဆုကြီးဖြစ်သော ရွှေပုလင်းကို ကံထူးသွားသူမှာ ရန်ကုန်တိုင်းမှ ဦးဝင်းဖြိုးဦး ဖြစ်ကြောင်း ရွှေပုလင်းပေးအပ်ပွဲတွင် ကြေညာခဲ့သည်။ Special Reserve ကို ၁၅ နှစ်တာ စွဲမြဲအားပေးလာခဲ့သည့် ရွှေပုလင်းကံထူးရှင် ဦးဝင်းဖြိုးဦးက “အမြဲဝယ်ယူအားပေးသူတစ်ဦးအနေနဲ့ အခုလို ရွှေပုလင်းကြီး ကံထူးသွားတာ အရမ်းဝမ်းသာသလို ဂုဏ်လည်းယူမိပါတယ်။ ကောင်းမွန်တဲ့အရသာနဲ့ အရည်အသွေးယုံကြည်စိတ်ချရမှုတွေ ကြောင့် Special Reserve ကို အထူးနှစ်သက်ရခြင်းဖြစ်ပါတယ်။ Special Reserve ဟာ အဆင့်မြင့် ကုန်ပစ္စည်းဖြစ်တာကြောင့်လည်း နိုင်ငံတကာကဆုတွေ ထိုက်ထိုက်တန်တန် ရရှိထား တာဖြစ်ပါတယ်။ အခုကျွန်တော်ကံထူးသွားတဲ့ ရွှေပုလင်းဟာလည်း ကျွန်တော့်ဘဝကို အပြောင်းအလဲ များစွာ ယူဆောင်လာပေးနိုင်မယ်ဆိုတာ သေချာပါတယ်” ဟု ပြောကြားသွားခဲ့ပါသည်။

Grand Royal Group International Company Limited ၏ National Sales Manager ဖြစ်သူ ဦိးဇော်မျိုးဝင်းက “အခုဆိုရင် ကျွန်တော်တို့ရဲ့ ၂၀၁၉ ခုနှစ် National Consumer Promotion ရဲ့ အထူးဆုကြီးဖြစ်တဲ့ ရွှေပုလင်းကံထူးရှင် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအစီအစဉ်စတင်ချိန်ကတည်းက ပါဝင်ခဲ့တဲ့သူတစ်ဦီးအနေနဲ့ အခုရွှေပုလင်းပေးအပ်ပွဲ အခမ်းအနားမှာ ကံထူးရှင်အလားတူပဲ ရင်ခုန်စိတ်လှုပ်ရှား လျက်ရှိပါတယ်။ ဒါ့အပြင် ဒီကနေ့ပွဲမှာ ရွှေပုလင်းရဲ့ အလေးချိန်နဲ့ တန်ဖိုးကို မှန်ကန်စွာခန့်မှန်းသွားတဲ့ သူတွေထဲက ရွှေဒင်္ဂါးဆုကံထူးမယ့်သူ ၁၀ ဦီးကိုလည်း ကျွန်တော်တို့ မဲနှိုက်ရွေးချယ် သွားဦိးမှာလည်း ဖြစ်ပါတယ်။ ရွှေဆိုတာ ကမ္ဘာမှာကျက်သရေအရှိဆုံးနဲ့ မြန်မာလူမျိုးတွေ တန်ဖိုးအထားရဆုံးသတ္တုတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ရွှေသားဆုများပေးအပ်ခြင်းဟာ ကံထူးသူများအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ပြောကြားသွားခဲ့ပါသည်။

Grand Royal ၏ အရည်အသွေးမြင့်ကုန်အမှတ်တံဆိပ်ဖြစ်သော Special Reserve သည် မြန်မာနိုင်ငံတွင်းရှိ အမျိုးအစားတူကုန်ပစ္စည်းများထဲမှ နိုင်ငံတကာကပေးအပ်သော ဆုတံဆိပ်များ အများဆုံးရရှိထားသော အမှတ်တံဆိပ်ဖြစ်ပါသည်။ Special Reserve ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်ထုတ်လုပ်ပြီး နိုင်ငံတကာက အသိအမှတ်ပြုလေးစားရသော ကုန်ပစ္စည်းတစ်ခုဖန်တီးရန်ဖြစ်ပါသည်။ Grand Royal Special Reserve အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက Special Reserve Whisky တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါ သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top