ရုပ်ရှင်ကြည့်ပြီး အပန်းဖြေမယ်

39320479_607810346279917_2599184508116795392_n.jpg

တစ်ပတ်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးတဲ့နောက်မှာ ရုပ်ရှင်တွေကြည့်ရင်း အနားယူကြပါစို့ ရိုးရာလေးပရိသတ်တို့ရေ။ ဒီတစ်ပတ်မှာလည်း ကားကောင်းလေးနှစ်ကား ညွှန်းပေးလိုက်ပါတယ်။

၁။ Escape Plan 2: HADES

ဒါလေးကတော့ ၂၀၁၃မှာထွက်ရှိခဲ့တဲ့ Escape Planရဲ့နောက်ဆက်တွဲကားလေးဖြစ်ပြီး ၂၀၁၈မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ HADES ဆိုတာက High Asset Detention Service ကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် ဂယ်လီလီအိုဆိုတဲ့နည်းပညာသုံးထားတဲ့ ထောင်တစ်ခုပဲဖြစ်ပါတယ်။ မင်းသားကတော့ စတားလုံးရယ်လို့ တော်တော်များများသိကြတဲ့ Sylvester Stallone ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကြမ်းမယ်ရမ်းမယ်ပေါ့။ ပထမကားတုန်းကတော့ အာနိုးမင်းသားပါဝင်ပေမယ့် ခုတစ်ကားမှာတော့ အာနိုးအစား Gurdian of Galaxy ထဲက ဒရက်ဇ်က အပြိုင်ပါဝင်ထားပါတယ်။

ဒီကားမှာတော့ ရေးဘရယ်စလင်းဟာ လုံခြုံရေးအဖွဲ့တစ်ခုကို ထူထောင်ထားပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းတစ်ဦးလဲဖြစ် ယုံကြည်ရတဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ရှုးရမ်ဟာ ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ သတင်းအချက်အလက်တွေအရတော့ HADES ခေါ် နည်းပညာလုံခြုံရေးတွေနဲ့ အထူးတင်းကြပ်ထားတဲ့ထောင်ထဲ ပိတ်မိနေတယ်လို့ သိရပါတယ်။ ရှုးကိုကယ်တင်ဖို့အတွက် အဖွဲ့ကိုပြန်လည်စုစည်းပြီး ဘယ်လိုအစီအစဉ်တွေနဲ့ စွန့်စားမှုတွေ ပြုလုပ်ကြမယ်ဆိုတာ စိတ်ဝင်စားစရာပါ။

၂။ Billionaire Boys Club

ဒီကားလေးကတော့ မင်းသားတွေကို ကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တဲ့ကားလေးပါ။ ၂၀၁၈မှာထွက်ရှိထားတဲ့ ဒီကားလေးဟာ ၁၉၈ဝအစောပိုင်းကာလ လော့အိန်ဂျလိစ်မြို့က ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ် တဲ့။ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကိုလည်း တစ်ချက်ကြည့်လိုက်ဦးလေ။ ပြီးတော့ ဒီကားလေးကို ကြည့်နေရင်း The Wolf of Wall Street ဇာတ်ကားကို ပြေးမြင်မိမှာ အမှန်ပါ။

တစ်ချိန်က လော့အိန်ဂျလိစ်မှာ စကားအပြောကောင်းတဲ့ ကောင်ကလေးတစ်ယောက်ရှိပါတယ်။ ဂျိုးလို့ခေါ်တဲ့ ပွဲစားလေးတစ်ယောက်ပေါ့။ တစ်ရက်မှာ ဆွေးနွေးမှုတစ်ခုကနေ ဒင်းကာနေနဲ့တွေ့ပြီးတော့ ကလပ်လေးတစ်ခုဖွဲ့ကြမယ်ဆိုပြီး အကြံရတယ်။ Billionaire Boys Clubလို့နာမည်ပေးထားတဲ့ ဒီကလပ်ကတော့ သူဌေးသားတွေကို စည်းရုံးပြီး အဖွဲ့ဝင်ခိုင်းတာပါ။ သူတို့မှာ ဘယ်လိုမြန်မြန်ဆန်ဆန်ချမ်းသာလာရမလဲဆိုတဲ့ နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါကို Ponzi Scheme လို့ခေါ်ပြီး အပြင်မှာ တစ်ကယ်ရှိတဲ့နည်းတစ်ခုပါ။ Ponzi Game လို့လည်း ခေါ်ပါတယ်။ ဒါပေမယ့် အန္တရာယ်များတဲ့ကစားနည်းတစ်ခုကို ကစားနေရသလိုပါပဲ။ ဇတ်လမ်းလေးကလည်း ခပ်သွက်သွက်နဲ့ လုံးဝမပျင်းစေပဲ အပြီးထိကြည့်ချင်စရာကောင်းတဲ့ကားလေးတစ်ကား ဖြစ်ပါကြောင်း။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top