အရမ်းမိုက်တဲ့ ၃.၃လက်မအရွယ် ဖုန်းပိစိလေး ထွက်လာတော့မယ်

49beecc3b1758d2e7dd3a753d327999e.jpg

ခုနောက်ပိုင်းခေတ်စားနေတဲ့ မျက်နှာပြင် အရွယ်အစား ကြီးကြီးနဲ့ ဖုန်းအကြီးကြီးတွေကို ငြီးငွေ့နေပြီလား။ ဒါဆိုရင် Palm ကနေ အသစ်ထွက်ရှိလာမယ့် ၃.၃လက်မ အရွယ်ပဲရှိတဲ့ အိတ်ဆောင်ဖုန်းလေးက သင့်အတွက် ရှိနေပါပြီ။

ဒီဖုန်းရဲ့နာမည်ကတော့ Pepito လို့ နာမည်ပေးထားပြီး စပိန်ဘာသာစကားနဲ့ အမည်ပေးထားတာဖြစ်ပါတယ်။ ဒီဖုန်းသေးသေးလေးမှာ ပါဝင်လာမယ့်အချက်အလက်တွေကို ကြားလိုက်ရင်လည်း အရမ်းအံ့ဩသွားပါလိမ့်မယ်။ အန်းဒရွိုက် 8.1 Oreo နဲ့ Octa-core 1.4GHz ၊ Snapdragon 435 processor အမျိုးအစား ထည့်သွင်းထားပါတယ်တဲ့။ သိုလှောင်မှုပမာဏကလည်း 32GB တောင် ဖြစ်ပြီး RAM 3GB ဆိုတာကတော့ အထင်ကြီးစရာပါပဲ။

တန်ဖိုးသင့်ဖုန်းလို့ယူဆလို့ရတဲ့ ဒီဖုန်းမှာ ဒီလောက် RAM ပမာဏ ဘာလို့ပါနေတာလဲက တွေးစရာဖြစ်စေပါတယ်။ ဒါပေမဲ့လည်း တော်တော်ကြာပျောက်နေတဲ့ Palm အနေနဲ့ ဖုန်းလောကမှာ နေရာပြန်ယူဖို့ဆိုရင်တော့ ဘာမဆိုဖြစ်လာနိုင်နေပါပြီ။

ဆင်းမ်ကတ်ကတော့ Nano ဆင်းမ်အမျိုးအစား ထည့်သွင်းလို့ရမှာဖြစ်ပြီး memory ကတ်ပေါက်လည်းပါဝင်ပါတယ်။ 256 GB အထိတောင်တိုးမြင့်နိုင်မှာလည်း ဖြစ်ပါတယ်။ ဖုန်း screen ကတော့ LCD screen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေး (Resolution) ကတော့ 720×1280 pixels ပါ။

ကျောဘက်ကင်မရာ 8MP နဲ့ ရှေ့ကင်မရာ 2MP ပဲပါဝင်ပါတယ်။ LED flash ပါဝင်ပြီး ဗီဒီယိုအနေနဲ့ကတော့ 720p အမျိုးအစားသာရိုက်ကူးလို့ရနိုင်မှာပါ။ ကင်မရာကိုအဓိကထား သုံးမယ့်သူတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။

ဘက်ထရီက ဖြုတ်လို့ရတဲ့ Li-Ion 800 mAh အမျိုးအစားလို့ သိရပါတယ်။ Wifi ၊ Bluetooth ၊ GPS အစရှိတာတွေလည်း ပါဝင်တယ်ဆိုတော့ သေးငယ်ပေမဲ့ အသုံးဝင်လှတဲ့ဖုန်းလို့ ပြောရမှာပါပဲ။ အရောင်အနေနဲ့ကတော့ တိုက်တေနီယမ်အရောင် (Titanium) နဲ့ ရွှေရောင် (Gold) ဆိုပြီး နှစ်မျိုးထုတ်မယ်လို့ သိရပါတယ်။

ဈေးနှုန်းက ယူရို ၁၀၀ (မြန်မာငွေ ၁၇၀၀၀၀) ဝန်းကျင်လောက် ကျသင့်မှာဖြစ်ပြီး အခုထိတော့ ဘယ်နေ့ထွက်မလဲဆိုတာတော့ တရားဝင်ကြေညာခြင်းတော့ မရှိသေးပါဘူး။ ပေးရတဲ့ဈေးနဲ့ ပါဝင်လာမယ့် စွမ်းဆောင်ရည်တွေက တန်မယ်လို့ခန့်မှန်းရပါတယ်။ ကဲ… ဒီဖုန်းထွက်လာမယ့်နေ့ကို စောင့်ကြည့်ပြီး လေ့လာလိုက်ကြရအောင်လား . . .။

Ref : CNet “Palm might be launching a tiny Android phone and it’s adorable”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top