အမျိုးသားတွေထက် အမျိုးသမီးတွေက Insomnia ဖြစ်ရခြင်းအကြောင်းအရင်း

16-2-2021-yyl-08.jpg

လူတစ်ယောက်က အိပ်ချိန် (၇) နာရီ၊ (၈) နာရီ အေးအေးချမ်းချမ်းအိပ်စက်မှ ကျန်းမာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။ တစ်နေ့တာ အိပ်ချိန်မှန်ဖို့ဆိုတာ တချို့လူတွေအတွက် မလွယ်ကူပါဘူး။ တချို့လူတွေကတော့ အိပ်ရာစောစောဝင်တတ်ကြပေမဲ့ တချို့တွေကတော့ နောက်ကျမှ အိပ်စက်တတ်ကြပါတယ်။ Insomnia ဆိုတဲ့ အိပ်မပျော်ခြင်းကိုလည်း လူတော်တော်များများကြုံတွေ့ကြရပါတယ်။ အဲဒီလိုဖြစ်လာရင် အိပ်ရေပျက်တဲ့ညတွေများလာရပါတယ်။ Insomnia အိပ်မပျော်ခြင်းဆိုတဲ့ အခြေအနေကို ရေတိုရေရှည်ခံစားရနိုင်ပါတယ်။ အဲဒီအခြေအနေကို ရေရှည်ခံစားလာရမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေက Insomnia ကို ပိုပြီး ကြုံတွေ့ကြရတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ အဲဒါရဲ့အကြောင်းအရင်းကို ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။

အမျိုးသမီးတွေရဲ့ဟော်မုန်းကြောင့်

ဟော်မုန်းနဲ့ အိပ်စက်ချိန်စက်ဝန်းကြားမှာ ဆက်စပ်မှုရှိပါတယ်။ ကျားမကြားမှာတော့ အိပ်စက်ချိန်စက်ဝန်းက ကွာခြားမှုမရှိပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေက ဓမ္မတာလာတဲ့အခါမှာ အိပ်စက်ချိန်ပုံစံမှာ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ သူတို့ရဲ့ဟော်မုန်းမတည်ငြိမ်ဖြစ်လာတာကြောင့် အိပ်စက်ချိန်စက်ဝန်းက ပိုကောင်းလာတာ (ဒါမှမဟုတ်) ပိုဆိုးရွားလာနိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေတဲ့ ကိုယ်ဝန်ဆောင်တာ၊ သွေးဆုံးတာတွေကလည်း ပုံမှန်အလေ့အထတွေနဲ့ အိပ်စက်ချိန်ကို ဖျက်စီးနိုင်ပါတယ်။

စိတ်အတတ်အကျအပြောင်းအလဲဖြစ်ခြင်းကြောင့်

နောက်ထပ်အကြောင်းအရင်းကတော့ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့လို စိတ်အတက်အကျပြောင်းလဲမှုကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးတွေက စိတ်ခံစားချက်ပြင်းထန်ကြပြီး စိတ်အတက်အကျများတတ်ကြပါတယ်။ အဲဒီလိုဖြစ်လာရင် အိပ်စက်ခြင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ စိတ်အတက်အကျအပြောင်းအလဲဖြစ်လာစေတဲ့ ဦးနှောက်အတွင်းက ဓာတုဓာတ်တွေက အိပ်စက်ချိန်မှာ ဝင်ရောက်စွပ်ဖက်လာတာကြောင့်ဖြစ်ပါတယ်။

ကိုယ်ရေးကိုယ်တာနဲ့ပရော်ဖက်ရှင်နယ်ဘဝတွေကို လိုက်လျောညီထွေအောင် နေထိုင်ရခြင်းကြောင့် အမျိုးသမီးတွေက ကလေးတွေကို စောင့်ရှောက်ရတာအပါအဝင် အိမ်မှုကိစ္စတွေကို လုပ်ဆောင်ကြရပါတယ်။ သူတို့တွေက သူတို့ရဲ့အချိန်တွေကို ကိုယ်ရေးကိုယ်တာအတွက်ရော၊ အလုပ်ခွင်မှာပါ ပေးထားရပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေက သူတို့ရဲ့စိတ်ဖိစီးမှုပမာဏကို တိုးလာစေပြီး အိပ်စက်ချိန်စက်ဝန်းကို အနှောင့်အယှက်ပေးလာပါတယ်။

အိပ်မပျော်ခြင်း (Insomnia) ကို ဘယ်လိုသိနိုင်မလဲ

သင့်ရဲ့တစ်နေ့တာဘဝကို အနှောင့်အယှက်မဖြစ်လာခင် Insomnia ရဲ့ပြဿနာကို သိဖို့ အရေးကြီးပါတယ်။ ဒီပြဿနာရဲ့အကြောင်းအရင်းကို ရှာဖွေပြီး အိပ်စက်ခြင်းအလေ့အထကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ လူအများစုက Insomnia ကို တစ်ခါတလေမှ ကြုံတွေ့ရပြီး ပုံမှန်အားဖြင့် (၁) ရက် (၂) ရက်လောက်ပဲကြာပါတယ်။ ဒီအိပ်မပျော်ခြင်းအခြေအနေက နာတာရှည်ရောဂါလို့ပြောလို့ရပါတယ်။ (၃) လလုံး တစ်ပတ်ကို (၃) ညလောက် အိပ်မပျော်ခြင်းကိုကြုံတွေ့နိုင်ပါတယ်။ အဲဒီလိုကြုံတွေ့လာမယ်ဆိုရင်တော့ သင်ဟာ Insomnia အိပ်မပျော်ခြင်းကို ခံစားနေရတာဖြစ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

Ref: 3 reasons why women are twice as likely to have insomnia as men
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top