ခြေထောက်တစ်ချောင်းပဲရှိတဲ့ နာမည်ကျော် အိန္ဒိယကချေသည် ဆူဒါချန်ဒရန်

6.3.2023-yyl-iamge-12.jpg

အိန္ဒိယကချေသည် ဆူဒါချန်ဒရန်ဟာ ကြိုးစားရုန်းကန်မှုနဲ့ ရဲစွမ်းသတ္တိရဲ့ ပြယုဂ်ပါပဲ။ ၃ နှစ်ခွဲအရွယ်ကတည်းက အကဝါသနာ ပါခဲ့တဲ့ ဆူဒါဟာ စာထူးချွန်တဲ့ ကျောင်းသူတစ်ဦးပါ။ ၁၀ တန်းစာမေးပွဲမှာ ဘာသာစုံ ရမှတ် ၈၀ အထိ ရခဲ့ပေမဲ့ သိပ္ပံကျောင်းမတတ်ဘဲ အနုပညာကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို မျက်နှာသာ မပေးခဲ့ပါဘူး။

အသက် ၁၇ နှစ်အရွယ်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ဖြစ်ဖြစ်ချင်းမှာ ဆရာဝန်တွေရဲ့ ပေါ့ဆမှုကြောင့် ညာဘက်ခြေထောက် ပုတ်နေပြီး ခြေထောက် ဖြတ်ရဖို့ အကြောင်းဖန်လာခဲ့တယ်။ သူ့မှာ တခြားရွေးချယ်စရာမရှိခဲ့ဘူး။ ဒါဟာ သူ့ရဲ့ကချေသည်ဘဝကို အဆုံးသတ် သွားစေနိုင်ပေမဲ့ ဆူဒါက အရှုံးမပေးခဲ့ဘူး။

ခြေတုတပ်ပြီး လမ်းလျှောက်သင်တယ်။ ” မင်း အိပ်မက်တွေ ပျက်စီးသွားလို့ စိတ်မကောင်းဖြစ်ရပါတယ်လို့ လူတွေက လာလာ ပြောကြတယ်။ အဲဒီစကားတွေကြားပြီး ကျွန်မ အကပြန်သင်ခဲ့တာပါ” လို့ ဆူဒါက ဆိုပါတယ်။ ဆူဒါချန်ဒရန်ဆိုတာ အိန္ဒိယရဲ့ နာမည်ကျော် ရိုးရာကချေသည် ( Bharatanatyam) ဖြစ်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ယူအေအီး၊ ဆော်ဒီ၊ ကာတာ၊ ကူဝိတ်၊ ဘာရိန်း၊ ယီမင်၊ အိုမန်နိုင်ငံတွေမှာ လှည့်လည်ဖျော်ဖြေခဲ့ဖူးသူပါ။ မင်းသမီးအဖြစ်လည်း အိန္ဒိယရုပ်သံနဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။

Ref: Lost A Leg In Accident, How Sudha Chandran Learnt to Dance Again Will Leave You Inspired

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top