ပြန်လည်ဖွင့်ဖွင့်ချင်းပထမရက်မှာ ဝူဟန်မြို့ရဲ့အကြီးဆုံးအပန်းဖြေပန်းခြံကို လာရောက်လည်ပတ်သူ (၃,၀၀၀) ရှိခဲ့

21-5-2020-yyl-003.jpg

အခုနှစ်အစောပိုင်းမှာ ဝူဟန်မြို့ကို Lockdown ချပြီးကတည်းက အခုဆိုရင် ဝူဟန်မြို့က နာမည်ကြီး Theme Park Happy Valley Wuhan ကို ပြန်လည်ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ပြန်လည်ဖွင့်ဖွင့်ချင်းနေ့မှာပဲ လာရောက်လည်ပတ်တဲ့သူ (၃,၀၀၀) ရှိတယ်လို့ သိရပါတယ်။ မေလ (၁၉) ရက်နေ့က Happy Valley Wuhan က လာရောက်လည်ပတ်သူတွေကို ဗိုင်းရပ်စ်မရှိကြောင်းသက်သေပြနိုင်မှသာ ဝင်ခွင့်ပြုခဲ့ပါတယ်။ ဝန်းထမ်းတွေဟာ ဖုန်းထဲက App ရဲ့ Health Code နဲ့ ရောဂါပိုးရှိမရှိစစ်ဆေးပေးတာဖြစ်ပါတယ်။ ဒီပန်းခြံက တရုတ်နိုင်ငံအလယ်ပိုင်း ဟူပိုင်ပြည်နယ်ရဲ့မြို့တော်ဝူဟန်မြို့မှာ တည်ရှိတာဖြစ်ပါတယ်။

လာရောက်လည်ပတ်သူတွေကို အွန်လိုင်းကနေ ကြိုတင်မှာယူထားတဲ့လက်မှတ်တွေနဲ့ ဂိတ်ပေါက်ဝကနေတဆင့် ဝင်ခွင့်ပြုထားပါတယ်။ ပန်းခြံကိုလည်ပတ်တဲ့အခါ အပူချိန်စစ်ဆေးတာ၊ mask ဝတ်ဆင်တာတွေကိုလည်း မဖြစ်မနေ စည်းမျဉ်းထုတ်ထားပါတယ်။ တစ်နေ့တာ လာရောက်လည်ပတ်သူအရေအတွက်ကိုလည်း (၂၀) ရာခိုင်နှုန်းလျော့ချထားပါတယ်။

(၁၁၇) ရက်အကြာမှာ ပထမဆုံးအကြိမ်ပြန်ဖွင့်ပြီးတဲ့နောက်မှာ လာရောက်လည်ပတ်သူ (၃၀၀၀) ကျော်က ရိုလာကိုစတာအပါအဝင် အခြားစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေနဲ့ ပျော်ရွှင်ရဖို့အတွက် လာရောက်ခဲ့ကြပါတယ်။ ပန်းခြံက ဧည့်သည်တွေအသုံးပြုပြီးတိုင်း ပိုးသတ်ပေးနေပြီး တစ်ယောက်နဲ့တစ်ယောက်အနည်းဆုံး (၅) ပေအကွာမှာ နေဖို့ သတိပေးထားတဲ့ဆိုင်းဘုတ်တွေကိုလည်း ထားရှိထားပါတယ်။ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က ဧပြီလ ၈ ရက်နေ့မှာ Lockdownကာလကို အဆုံးသတ်ခဲ့ပါတယ်။ အခုဆိုရင် အာဏာပိုင်တွေက Theme Park တွေလို အပန်းဖြေနေရာတွေကို ပြန်ဖွင့်ဖို့ ခွင့်ပြုနေပါပြီ။ ဒါပေမဲ့ ဒုတိယအကြိမ် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုစိုးရိမ်နေတဲ့အတွက် ခန်းမအတွင်း ကျင်းပရတဲ့ပွဲ၊ အခမ်းအနားတွေကိုတော့ ဆက်လက်ရပ်ဆိုင်းထားပါတယ်။

Happy Valley က အဖွဲ့လိုက်လည်ပတ်တာကို ခွင့်ပြုမထားသလို လူအုပ်ကြီးဖြစ်စေတဲ့ ဘယ်လိုရှိုးပွဲကိုမှလည်း ကျင်းပမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ လာရောက်လည်ပတ်သူအရေအတွက်တိုးလာစေဖို့အတွက် ဇွန်လ (၃၀) မတိုင်ခင်ဝယ်ယူထားတဲ့လက်မှတ်တွေကို ဝင်ခွင့်အခမဲ့ပြန်လုပ်ပေးခဲ့ပြီး တရုတ်နိုင်ငံရဲ့ “Golden Week” စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ဝင်ခွင့်အခမဲ့မဟုတ်တော့ဘူးလို့သိရပါတယ်။ အမည်မသိလာရောက်လည်ပတ်သူတစ်ယောက်က “Mask ဝတ်ပြီး ရိုလာကိုစတာစီးတာ ပထမဆုံးအကြိမ်ပါပဲ။ အနည်းဆုံးတော့ ကျွန်မအော်နေတာကို ဓာတ်ပုံရိုက်ထားရင် ဘယ်သူမှ ကျွန်မမျက်နှာကိုမြင်ရမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

မေလ ၁၄ ရက်နေ့က (၁၀) ရက်တာတိုက်ပွဲက ကျောင်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်ဖို့အတွက် လုံခြုံစိတ်ချစေမယ့်တစ်ခုတည်းသောနည်းလမ်းဖြစ်တာကြောင့် (၁၀) ရက်အတွင်း ဝူဟန်မြို့နေထိုင်သူ (၁၁) သန်းလုံးကို ရောဂါပိုးစစ်ဆေးမယ်ဆိုတဲ့အကြောင်း Wuhan Municipal Health Commission က ကြေညာခဲ့ပါတယ်။

Ref: 3,000 Tourists Visit Wuhan’s Largest Theme Park On First Day It Reopens

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top