ဂျပန်လူမျိုးတို့ရဲ့ စည်းကမ်းရှိစွာနေထိုင်ဖို့ အဓိက သော့ချက် (၃) ခု

mother-is-scolding-child-3DGNA9Y.jpg

ဂျပန်လူမျိုးများအတွက် စည်းမျဥ်းစည်းကမ်းများကိုလိုက်နာဆောင်ရွက်ခြင်းသည် အခြေခံကျတဲ့အချက်ဖြစ်ပြီး ငယ်ရွယ်စဥ်ကတည်းကပင် စနအာရှတိုက်သားများတင်မကပဲ တစ်ကမ္ဘာလုံးကပါ ၀ိုင်းအားကျပြီး စည်းကမ်းရှိကြတဲ့ လူမျိုးကို ပြောပါဆိုရင် ဂျပန်လူမျိုးများပဲဖြစ်ပါတယ်။စ်တကျနဲ့ စည်းကမ်းရှိအောင်နေထိုင်နိုင်ကြဖို့ ထိန်းကျောင်းပြုစုပျိုး ထောင်ခြင်းခံကြရပါတယ်။ ဂျပန်တို့ရဲ့ ရိုးသားဖြောင့်မတ်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲ စည်းကမ်းတကျလိုက်နာတဲ့ အလေ့အထကို ထိန်းသိမ်းထားကြတယ်။ အထူးသဖြင့် အနောက်နိုင်ငံသားများက ဂျပန်တို့ရဲ့ နူးညံ့သိမ်မွေ့သော အပြုအမူများကို သဘောကြပြီး လေးစားအားကျကြတယ်။ နောက်ထပ်အားလုံးရဲ့ အာရုံကိုဆွဲဆောင်စေနိုင်တဲ့အချက်ကတော့ ဂျပန်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ခိုင်မာတဲ့နည်းပညာကုမ္ပဏီများကို တည်ထောင်ခြင်းဖြင့် ကမ္ဘာ့စျေးကွက်တွင်အတိုင်းအတာတစ်ခုအထိ နေရာ၀င်ယူထားသည့်ကို တွေ့ရမှာဖြစ်တယ်။ ဆက်လက်ပြီး ဂျပန်တို့ရဲ့ ဘေးအန္တရာယ် အခက်အခဲမှ ပြန်လည်ထူထောင်နိုင်စွမ်း ကအားလုံးကိုအားကျစေတာအမှန်ပဲဖြစ်တယ်။

သာဓကအားဖြင့်ကြည့်ရင် ဒုတိယကမ္ဘာစစ်အတွင်း နဲ့ ဖူကူရှီးမား နျူကလီးယား ဘေးအန္တရာယ်တို့မှ ထိခိုက်ခံစားခဲ့ရာက လျှင်မြန်စွာ ရုန်းထွက်နိုင်ခဲ့ခြင်းတွေက သက်သေဖြစ်တယ်။သေချာတာကတော့ ဂျပန်လူမျိုးများဟာ မဆုတ်မနစ်ကြိုးစားမှုရှိခြင်း၊ ခံနိုင်ရည်ရှိခြင်း နဲ့စည်းကမ်းသေ၀ပ်ခြင်း တို့ ရှိခြင်းကို အားလုံးမျက်၀ါးထင်ထင် မြင်တွေ့နိုင်မှာဖြစ်တယ်။ဂျပန်တို့ရဲ့ အလုပ်နဲ့ ရပ်ကျိုးရွာကျိုး တို့ရဲ့ လိုအပ်ချက်တွေအပေါ်မှာ ပြီးပြည့်စုံစွာဖြည့်ဆည်း ပေးမှုဟာလည်း တစ်လောကလုံးကို သံသယကင်းကင်းနဲ့ အာရုံစိုက်စေမှုရရှိစေတဲ့ အချက်တွေပဲဖြစ်သလို ထိုအချက်က ဂျပန်ပြည်လူတွေကိုလည်း မျှော်လင့်ချက်ကြီးကြီးမားမားထားဖို့ တိုက်တွန်း နေသ လိုဖြစ်ပြန်ပါတယ်။ ဒီလို မျှော်လင့်ချက်ကြီးမားမှုတွေကြောင့်ပဲ ဂျပန်ပြည်သူတွေမှာ စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေ နဲ့ မိမိကိုယ်ကိုသေကြောင်းကြံမှု နှုန်းတွေဟာ နှစ်စဥ်တိုးပွားလာ လျက်ရှိတာကို အဆိုးဘက်ကနေမြင်တွေ့နိုင်ပါတယ်။ မည်သို့ဆိုစေ ဂျပန်တွေရဲ့ စိတ်နှလုံးသားကတော့ အမြဲကျိုးစားအားထုတ်မှု ရှိနေကြတာကို အသိအမှတ်ပြုရမှာဖြစ်တယ်။

ဂျပန်တို့ရဲ့ စည်းကမ်းရှိဖို့ သော့ချက် (၃)ခု

လူနေမှုစရိုက်တင်မကပဲ ဂျပန်ဘာသာစကား ကိုယ်၌ကလည်း စိတ်၀င်စားဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုဘာသာစကား က အခြားဘာသာစကား​တွေထက် တစ်ဦးနဲ့တစ်ဦး ဆက်ဆံဖော်ပြရာမှာ ထူးခြားမှုရှိပါတယ်။ ပုံမှန်အားဖြင့် ဂျပန်လူမျိုးများဟာ အချင်းချင်း အလုပ်အကိုင် ဆောင်ရွက်မှုတွေကို အားပေး အားမြောက်ပြုပြီး လေးစားကြပါတယ်။“Otsukaresama desu” ဆိုတဲ့ “သင့်ရဲ့အလုပ်ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားစုလေးဖြင့် အချင်းချင်း အလုပ်လုပ်ကိုင်မှုတွေအပေါ်မှာ အားပေးအသိအမှတ် ပြုကြလေ့ရှိပါတယ်။ ဆိုတော့ ဂျပန်တွေရဲ့ စည်းကမ်းရှိမှုတွေက အရာအားလုံးကို ခွန်အားဖြစ်စေပြီး လူတွေရဲ့လုပ်ကိုင်နိုင်မှု စွမ်းရည်များကိုလည်း မြှင့်တင်ပေးရာရောက်ပါတယ်။ ထူးခြားသည်မှာ ဂျပန်တွင် ဥာဏ်ရည်ဥာဏ်စွမ်းရှိမှုထက် စည်းကမ်းသေ၀ပ်ခြင်းရှိမှု ကို ပိုမိုတန်ဖိုးထားကြပါတယ်။ ဆက်လက်ပြီး ခေါင်းစဥ်ပါ စည်းကမ်းရှိဖို့ အောက်ပါသော့ချက် (၃) ခုကို
လေ့လာကြရအောင်…

၁။ အရာများကို စနစ်တကျထားရှိခြင်း (organization)

အရာများကို သူ့နေရာနဲ့သူ စနစ်တကျထားရှိခြင်းက အားလုံးအတွက် အချိန်ကုန်သက်သာပြီး အထောက်အကူပြုစေပါတယ်။ စနစ်တကျရှိတဲ့ အိမ်တိုင်းဟာလည်း သူဟာနဲ့သူ သဟဇာတ ဖြစ်နေတာကို မြင်တွေ့နိုင်ပါတယ်။ ထိုကဲ့သို့ရှိတဲ့ စာသင်ကျောင်းများမှာလည်း ကျောင်းသူ၊ ကျောင်းသား၊ ဆရာ နဲ့ ကျောင်း၀န်ထမ်းများ အားလုံး လုပ်ငန်းများကို အစီစဥ်တကျ လုပ်ဆောင်နိုင်ပြီး အလုပ်ကိုပိုမိုထိရောက်စေပါတယ်။ ထို့အတွက်ကြောင့် စနစ်တကျရှိတဲ့ ပတ်၀န်းကျင်တစ်ခုအနေနဲ့ လည်း အလုပ်များကို ကောင်းမွန်အစွမ်းထက်အောင်လုပ်နိုင်ခြင်းနဲ့စိန်ခေါ်မှုများကို ကောင်းမွန်စွာ တုံ့ပြန်နိုင်စွမ်းရှိပါတယ်။

ဂျပန်တို့ရဲ့ ခေါင်းဆောင်များဟာ ယင်းတို့ရဲ့ တစ်နေ့တာလုပ်ဆောင်ရမယ့်အရာများကို လွန်စွာမှနား လည်းသဘောက်ပေါက်တဲ့အချက်ကို အားလုံးအနေနဲ့လျစ်လျူရှု မသင့်တဲ့အရာဖြစ်တယ်။ သူတို့အတွက် ကတော့ လူတစ်ယောက်ချင်းစီတိုင်းမှာ ယင်းတို့လုပ်ဆောင်ရမယ့် တာ၀န်၀တ္တရားများကို ကျေပွန်အောင်ထမ်းဆောင်ရမယ်ဆိုပြီး နှလုံးသွင်းထားကြပါတယ်။ ဒါဟာလည်းလှပတဲ့ ဓလေ့ဖြစ်ပါတယ်။

၂။ သန့်ရှင်းရေးလုပ်ဆောင်ခြင်း (Cleaning)

ဂျပန်တို့ရဲ့ ယဥ်ကျေးမှုတွင် သန့်ရှင်းရေးလို့ပြောလိုက်ရင် အမှိုက်သရိုက် နဲ့ ဖုန်တွေ ကိုသန့်ရှင်းတာချည်းပဲမဟုတ် ထိုအရာက ဘ၀ကို ဟန်ချက်ညီအောင်နေထိုင်ရာမှာလည်း သက်ရောက်မှုရှိပါတယ်။ သန့်ရှင်းရေး နဲ့ သိမ်းဆည်း ရေးကိစ္စလို့ပြောလိုက်ရင် စာရေးဆရာမ Marie Kondo ရဲ့ နည်းစနစ်တွေကတော့ လူသိများပါတယ်။ သူမကတော့ The Magic of Tidying Up “သေသပ်စွာနေထိုင်ခြင်း ပဉ္စလက်”စာအုပ်ကိုရေးသားခဲ့တဲ့ ဂျပန်စာရေးဆရာမ ဖြစ်ပါတယ်။ နေထိုင် သန့်ရှင်းမှု မရှိခြင်းနဲ့ ညစ်ပေရှုပ်ပွ တဲ့ အလေ့အကျင့်တွေက အားလုံးရဲ့ ကျန်းမာရေးနဲ့ စိတ်ခံစားမှုများကို ထိခိုက်စေနိုင်ပါတယ်။ ထို့အတွက်ကြောင့် အားလုံး
ကျန်းမာပြီး သာယာပျော်ရွှင်ဖို့ နဲ့ ဟန်ချက်ညီညီနေထိုင်နိုင်ဖို့ အတွက် သန့်ရှင်းရေးလုပ်ဆောင်ဖို့က အလွန်လိုအပ်ပါတယ်။

သန့်ရှင်းရေးနဲ့ပတ်သက်ပြီး ဂျပန်တွင် 5S (အက်စ်ငါးလုံး) ဆိုတဲ့ နည်းစနစ်ကို သုံးကြပါတယ်။

၁။ Seiri-မလိုအပ်တဲ့ မလိုချင်တော့တဲ့အရာများကို စနစ်တကျစွန့်ပစ်ပါ။
၂။ Seiton-အရာအားလုံး ထားဖို့ သီးသန့်နေရာရှိရပါမယ်။
၃။ Seiso-လူအယောက်ချင်းဆီတိုင်း (ကလေးအပါအ၀င်) အရာများကို သန့်ရှင်းစွာထားတတ်
ရပါမယ်။
၄။Seiketsu-အားလုံးအတွက် နားလည်နိုင်သည့် ရှင်းလင်းသော သန့်ရှင်းရေးစည်းမျဥ်းများ၊
စံချိန်စံညွှန်းများနဲ့ ကိုက်ညီသည့် သန့်ရှင်းရေးများ ထားရှိလုပ်ဆောင်ရပါမယ်။
၅။ Shitsuke-စည်းကမ်းရှိပြီး အထက်ပါအချက်များအားလုံးအတွက် မသွေလိုက်နာဖို့
လိုအပ်ပါတယ်။

၃။အချိန်ကိုအတိအကျ လိုက်နာခြင်း (Punctuality)

စည်းကမ်းရှိဖို့အတွက် နောက်ထပ်သော့ချက်မှာ အချိန်တိကျခြင်း ပဲ ဖြစ်ပါတယ်။ ဒီအချက်ကအချိန်ကိုအတိအကျလိုက်နာနေခြင် းတစ်ခုတည်းမဟုတ်ပဲ မိမိအနေနဲ့ ဘ၀မှာ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုသွားမလဲ၊ ဘယ်တော့ စဥ်းစားတာတွေကို အကောင်အထည်ဖော်မလဲစတဲ့ အချက်တွေလဲပါ၀င်ပါတယ်။ ဆက်လက်ပြီး ဒီအချက်က​နေ့စဥ်ဘ၀မှာ ရည်မှန်းချက်ပန်း တိုင်တစ်ခုချမှတ်ခြင်းနဲ့ ထိုအရာတွေကို မြန်ဆန်ပြီး တိကျ ထိရောက်စွာ ဖြည့်ဆည်းအကောင်အထည်ဖော်နိုင်ဖို့လည်း ဖြစ်တယ်။ ဒီလို လုပ်ဆောင်ချက်တွေကြောင့်ပဲ ဂျပန်ပြည်သူတွေအနေနဲ့ မျှော်လင့်ချက်ပိုမို မြှင့်မားစေပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့ အသက် ၃၀ အောက် ဂျပန်လူငယ်တွေဟာ မိမိမျှော်မှန်းထားတဲ့ အရာတွေအပေါ် မလုပ်ဆောင်နိုင်မှုကြောင့် (သို့) မဖြည့်ဆည်းနိုင်မှုကြောင့် မိမိကိုယ် သေကြောင်းကြံစည်မှုနှုန်း ပိုမိုကြီးထွားလာနေပါတယ်။ ထို့အတွက်ကြောင့် အားလုံးအနေနဲ့ လည်း မိမိမလုပ်နိုင်တဲ့အရာတွေအတွက် မိမိဘ၀နဲ့ လွတ်လပ်မှုတွေကိုရင်းပြီး ထိုသို့သော အစွန်းရောက်မှု မျိုးမလုပ်သင့်ပါ။ တန်ဆေးလွန်ဘေး ဆိုသလို အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ဖို့လိုပါတယ်။

မည်သို့ဆိုစေ အားလုံးအနေနဲ့ ဂျပန်လူမျိုးများရဲ့ စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာ လုပ်ဆောင်မှု နည်းနာတွေကို စံနမူနာယူသင့်ပါတယ်။ သို့သော်လည်း ထိုစံတန်ဖိုးများကို အခြေအနေနဲ့အချိန်အ ခါကိုလိုက်၍ အတိုင်းအတာတစ်ခုထိ မှန်ကန်စွာ အသုံးချ သင့်ပါတယ်။ မြန်မာလူမျိုးများအနေနဲ့ လည်း ဂျပန်တို့ရဲ့ လူနေမှုစရိုက်ကို အတုယူသင့်ပါတယ်။ နိုင်ငံတိုး တက်ဖို့ဆိုလျှင် ပြည်သူများရဲ့ စနစ်တကျနဲ့ စည်းကမ်းရှိစွာနေထိုင်တတ်မှု၊ အချိန်ကိုလေးစားတတ်မှု၊ ရည်မှန်းချက်ပန်းတိုင်ရှိမှုနဲ့ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ မည်သို့မည်ပုံ ၀ိုင်း၀န်း ကူညီပေးကြမလဲဆိုတာ ကို စဥ်းစားစေလိုပါတယ်။ ဖြစ်နေတဲ့အခြေအနေများကို အပြစ်မတင်ပဲ ထိုအခြေအနေများတွင် မိမိတို့အနေနဲ့ ဘယ်လိုရုန်းကန်ဖောက်ထွက်နိုင်ကြောင်းကို ရှာဖွေသိရှိဖို့လို အပ်ပါတယ်။ အားလုံးလိုရာပန်းတိုင်ကို ဇွဲမလျှော့ပဲ အရောက်သွားနိုင်ပါစေ။

Ref : Exploring Your Mind

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top