Ghostbusters ဟာ Pokemon Goလိုမျိုး အောင်မြင်လာမလား???

g1.jpg

အရင်နှစ်တုန်းက အရမ်းခေတ်စားခဲ့တဲ့ Pokemon Goဂိမ်းလေးကို မှတ်မိကြဦးမှာပါ။ လမ်းလျှောက်နေသူချင်း ဝင်တိုက်မိရင်း ပိုကီမွန်အကောင်လေးတွေကို လိုက်ဖမ်းကြတာ ပျော်စရာကောင်းခဲ့ကြသေးပေါ့။ အခုလည်းPokemon Go လိုပုံစံတူ Ghostbusters ဆိုတဲ့ ဂိမ်းလေး ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ အစမ်းဇာတ်လမ်းပုံစံလေးကို Google’s MWC boothမှာ ရှာကြည့်နိုင်ပါတယ်။ ၂၀၁၈အတောအတွင်းမှာပဲ ထွက်ရှိလာမယ်လို့ သိရပါတယ်။

ဂိမ်းနာမည်လိုပဲ သရဲတွေကို လိုက်ဖမ်းရမှာဖြစ်ပါတယ်။ အရင်လို ချစ်စရာပိုကီမွန်အကောင်လေးတွေ မဟုတ်တော့ပါဘူး။ ရုပ်ရှင်တွေ တီဗီအစီအစဉ်တွေ စာအုပ်တွေထဲက သရဲအကောင်ပလောင်လေးတွေ စုံစုံလင်လင်ပါဝင်ပါဝင်လာမယ်လို့ သိရပါတယ်။

ဂိမ်းနာမည်ကိုတော့ Sony Pictures နဲ့ ပေါင်းစပ်ပေးထားခြင်းဖြစ်ပါတယ်။ စွန့်စားရှာဖွေချင်သူတွေအတွက် စိတ်လှုပ်ရှားစရာဂိမ်းဖြစ်လာဖို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ တကယ့်အပြင်က ပတ်ဝန်းကျင်နဲ့ တစ်သားတည်း ဖြစ်အောင်ပုံဖော်နိုင်ဖို့ ပိုမိုကြိုးစားဖန်တီးနေကြပါတယ်။

Googleနဲ့လည်း ချိတ်ဆက်ထားပြီးဖြစ်ကာ iOS device တွေမှာပါ ဆော့ကစားနိုင်ဖို့ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဂိမ်းရေးသားသူတွေဟာ နောက်လ ဂိမ်းတီထွင်သူများစာတမ်းဖတ်ပွဲမှာ ဒီဂိမ်းနဲ့ပတ်သတ်တဲ့ နောက်ထပ်အကြောင်းအရာတွေကို ကြေငြာနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ဒီတော့ ၂၀၁၈အတွင်းမှာ ထွက်ရှိလာမယ့် Ghostbusters ဂိမ်းလေးဟာ Pokemon Goကို ဘယ်လိုမျိုးကျော်တက်သွားနိုင်မလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

Ref: TechCrunch: Can Ghostbusters copy Pokemon Go’s success with its own AR mobile gamewith its own AR mobile game

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top