သွေးအတွင်း သကြားဓာတ် များနေကြောင်း ပြသတဲ့ လက္ခဏာ (၆)ရပ်

close-up-of-woman-making-blood-test-by-glucometer-PNKU5J5.jpg

သွေးအတွင်း သကြားဓာတ် များနေတာကို လျစ်လျူရှုထားမယ်ဆိုရင် ကျောက်ကပ်ကို တဖြည်းဖြည်း ပျက်စီးလာစေပါတယ်။ ဒါကြောင့် သင်က ဆီးချိုရောဂါရှိပြီး အောက်ပါလက္ခဏာတွေထဲက တစ်ရပ်ရပ် ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီ အမြန်သွားပြဖို့လိုပါပြီ။

အာခေါင်တွေခြောက်ပြီး ရေငတ်မယ်

သင်ရဲ့ကျောက်ကပ်က သကြားဓာတ်ကို စစ်ထုတ်ပေးနိုင်စွမ်း မရှိတော့တဲ့ အခါ ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်လာပါတယ်။ ရေနည်းနည်းလေးငတ်ရင်တောင်မှ သင်မခံစားနိုင်လောက်တာမျိုး ဖြစ်လာမှာပါ။ အချိန်ကြာလာတာနဲ့အမျှ ရေဓာတ် ခမ်းခြောက်တာက ခန္ဓာကိုယ်ကို ပျက်စီးစေပြီး အခြား ရောဂါလက္ခဏာတွေဖြစ်တဲ့ သဘာဝ အင်ဆူလင်ကို ဟန့်တား ပိတ်ပင်တာမျိုး ဖြစ်လာစေပါတယ်။

အိမ်သာခဏခဏသွားမယ်

ရေငတ်တာ ပိုများလေလေ ရေပိုသောက်ပြီး ဆီးခဏခဏသွားလေပါ။ သွေးသကြားဓာတ်များတဲ့ အခါ ခန္ဓာကိုယ်က ပိုလျှံနေတဲ့ အရည်တွေကို ကျောက်ကပ်ဆီ ပို့ဆောင်ပြီး ကျောက်ကပ်မှတဆင့် သွေးကိုစစ်ယူပြီး ကျန်တာကို ဆီးအဖြစ် စွန့်ထုတ်ပါတယ်။ ရေသောက်များရင် ဆီးသွားများတာ ပုံမှန်ဆိုပေမယ့် သင်ရေသောက်တဲ့နှုန်းထက် ဆီးသွားတဲ့နှုန်းက ပိုများနေရင်တော့ ခန္ဓာကိုယ်မှာ သကြားဓာတ် ပိုများနေလို့ပါ။

အာရုံစူးစိုက်မှုအားနည်းခြင်း

ကားတွေမှာ လောင်စာ လိုသလိုပဲ လူတွေရဲ့ ခန္ဓာကိုယ် ကောင်းစွာလည်ပတ်ဖို့ လောင်စာလိုပါတယ်။ သကြားဓာတ်က ခန္ဓာကိုယ်ကို အားဖြည့်ပေးနေတဲ့ လောင်စာပါ။ ဒီလောင်စာတွေ တောက်လောင်စေတဲ့ အင်ဆူလင် လုံလုံလောက်လောက် မရှိဘူးဆိုရင် ခန္ဓာကိုယ်ကို လိုအပ်တဲ့ ခွန်အား ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဆို မောပန်းနွမ်းနယ်ပြီး အာရုံစူးစိုက်မှု မကောင်းတာမျိုးတွေ ဖြစ်စေပါတယ်။

မျက်စိတွေဝါးလာမယ်

သွေးသကြားဓာတ် များလာတဲ့အခါ မျက်လုံးရဲ့ မှန်ဘီလူးက ရောင်ရမ်းပြီး အမြင်အာရုံ ဝေဝါးလာစေပါတယ်။ ဒါကြောင့် ဆီးချို ရောဂါရှိတဲ့လူတွေက မျက်စိစစ်ဆေးမှု မကြာမကြာ ပြုလုပ်ပေးသင့်ပါတယ်။ သွေးသကြားဓာတ် အရမ်းမြင့်လာရင် မျက်စိ ပျက်ဆီးဆုံးရှုံးစေပြီး မျက်စိကန်းတဲ့ အထိ ဖြစ်စေပါတယ်။

အညိုအမည်းကွက်စွဲမယ်

သွေးသကြားဓာတ် များလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ကုသနိုင်စွမ်းတွေက ကုန်ခမ်းသွားပါတယ်။ သွေးသကြားဓာတ်များလာရင် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်စီးဆင်းမှုက နှေးသွားပါတယ်။ ဒါကြောင့် သွေးက ဒဏ်ရာဆီ မစီးဆင်းနိုင်တော့ပဲ ဒဏ်ရာ အကျက်မြန်စေတဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ မရတော့ပါဘူး။

ကိုယ်အလေးချိန်ကျသွားမယ်

ဝိတ်ကျသွားတာ ကောင်းတယ်လို့ ထင်ကြပေမဲ့ သွေးသကြားဓာတ်များလို့ ဝိတ်ကျသွားတာကတော့ မကောင်းပါဘူး။ ခံတွင်းပျက်တာမျိုး၊ ဝိတ်ချတာမျိုး မရှိပါဘဲ ကိုယ်အလေးချိန် ကျသွားပြီဆိုရင်တော့ ဒါက သွေးသကြားဓာတ် များနေလို့ပဲ ဖြစ်ပါတယ်။

Ref: Reader’s Digest : health/high-blood-sugar-symptom

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top